|
News
|
|
ဒီမိုကရေစီ ပြည်သူ့ အုပ်ချုပ်ရေး စနစ်အတွက် ၂၀၁၀ တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်
|
10/2/2008 3:34:45 PM
|
|
ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွက် ပြည်သူအများ ငတ်မွတ် တောင်းတလျက်ရှိသော ဒီမိုကရေစီ ပြည်သူ့ အုပ်ချုပ်ရေးစနစ်အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်နှင့်အညီ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးကို ၂၀၁၀ ခုနှစ်တွင် ကျင်းပပေးတော့မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၀ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာကြီးများ၌ လက်ရှိ တပ်မတော် အစိုးရမှ တရားဝင် အတိအလင်း သတင်း ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ အတွင်းရေးမှူး ၁ ဒုတိယဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦး လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သော အဆိုပါ ကြေငြာချက်အား နိုင်ငံပိုင် အသံလွှင့်ဌာန များ၌ ကြော်ငြာချက်အမိန့် ထုတ်ပြန်သည့် ဖေဖော်ဝါရီ ၉ ရက်နေ့တွင်ပင် ထည့်သွင်း ကြေငြာခဲ့ကြောင်း သိရသည်။
ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာများ၌ “… တပ်မတော်မှ တာဝန်ယူ အုပ်ချုပ်ခြင်းကို ဒီမိုကရေစီ ပြည်သူ့ အုပ်ချုပ်ရေး စနစ်ဖြင့် ပြောင်းလဲရန် သင့်တော်ပြီဖြစ်၍ ဖြစ်ပေါ်လာမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်နှစ်အညီ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်တွင် ကျင်းပပေးမည်” ဟု ခေါင်းကြီးတပ်ထားသော အဆိုပါ ကြော်ငြာချက် အထူးသတင်းတွင် တစ်၊ နှစ်၊ သုံး နံပတ်စဉ် ထိုးလျက် အချက် ၉ ချက် ထည့်သွင်းဖော်ပြထားပြီး “… မလွှဲမရှောင်သာ တာဝန်ယူရခဲ့ရပါသည်။” မှ စတင်ကာ နောက်ဆုံး အမှတ်စဉ် ၉ ၌ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်တွင် ကျင်းပပေးတော့မည် ဖြစ်ကြောင်း ဖော်ပြထားသည်။
မူရင်း ကြေးမုံသတင်းစာကို ဖတ်ရန်။ http://www.myanmar.com/newspaper/kyaymon
|
|