|
စင်္ကာပူနိုင်ငံ Ministry of Man Power (MOM) က စင်္ကာပူနိုင်ငံအတွင်း နှစ်စဉ်မြင့်တက် လျက်ရှိသော အလယ်အလတ်ပညာရှင်အဆင့် (Mid-Skill) အလုပ်သမား လိုအပ်ချက်ကို ဖြည့်စီးနိုင်ရန် ပြည်တွင်း ကုမ္ပဏီများ၏ နိုင်ငံခြားသား အလုပ်သမား ခန့်အပ်ခွင့် အရေအတွက် (S Pass Quota) ကို ၂၀၀၈ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့မှ စတင်၍ လုပ်ငန်း ကဏ္ဍ အသီးသီး၌ ၁၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်း အထိ တိုးမြှင့်သွားမည်ဟု သူတို့၏ တရားဝင် ၀ဘ်ဆိုက်၌ သတင်း ထုတ်ပြန်လိုက်သည်။
စင်္ကာပူနိုင်ငံ၌ ပြည်ပနိုင်ငံများမှ နိုင်ငံခြားသားများ အလုပ်လုပ် နေထိုင်ခွင့်အား WP-Worker Permit, S Pass, EP-Employment Permit ဟူ၍ ပညာအဆင့်အတန်းနှင့် ရရှိသည့် လစာ အပေါ်မူတည်၍ ခွဲခြား ခွင့်ပြုလျက်ရှိရာ ၄င်းတို့၏ နိုင်ငံသားများ အလုပ်လက်မဲ့ ဖြစ်မှုကိုလည်း ထိန်းချုပ်သည့်အနေဖြင့် ကုမ္ပဏီ၌ စင်္ကာနိုင်ငံသား အရေအတွက် မည်မျှရှိမျှ နိုင်ငံခြားသား မည်မျှခန့်ခွင့် ရှိမည် ဆိုပြီး ဥပဒေဖြင့် ထိန်းချုပ် ထားခြင်း ဖြစ်သည်။
ယခင်က မြန်မာနိုင်ငံမှ ပညာတတ် အလုပ်သမားများအား စင်္ကာပူလုပ်ငန်းရှင်များမှ သဘောကျသော်လည်း ၄င်းတို့ ကုမ္ပဏီ၌ နိုင်ငံခြားသား ခန့်ခွင့် အရေအတွက် ပြည့်နေပါက အလုပ်မခန့်နိုင်ပဲ ဖြစ်နေရာ ယခုကဲ့သို့ S Pass Quota များ တိုးမြှင့်ပေးလိုက်သည့်အတွက် မြန်မာနိုင်ငံမှ စင်္ကာပူနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်ရန် ပြင်ဆင်နေသော မြန်မာပညာတတ်များအတွက် အခွင့်အလမ်း ပိုမို ရရှိလာမည်ဖြစ်သည်။
S Pass Quota တိုးမြင့်ပေးလိုက်သလို စင်္ကာပူအစိုးရအနေနှင့် အခွန်အခကိုလည်း စင်္ကာပူ ဒေါ်လာ ၁၀၀ မှ ၁၅၀ သို့ တိုးမြင့်လိုက်ကြောင်းလည်း စင်္ကာပူအစိုးရ၏ ၀ဘ်ဆိုက်တစ်ခု၌ ဖော်ပြထားသည်။
Refrence: http://www.mom.gov.sg/publish/momportal/en/press_room/press_releases/2007/20071128-mom_unveils.html
http://www.business.gov.sg/EN/News/Jul2006/20060717Momrevis.htm
|