|
News
|
|
ဘုတလင်ထွန်းလင်း၏ ၇ ရက်သားသမီးတို့ အတွက် တစ်ပတ်စာ ဟောစာတမ်း
|
10/28/2007 1:08:43 AM
|
|
မန္တလေးမြို့၌ ရှေ့နေလိုက်ရင်း လက္ခဏာဗေဒင် ဟောပြောနေသော ဆရာ ဘုတလင်ထွန်းလင်း၏ ၇ ရက်သားသမီးတို့ အတွက် တစ်ပတ်စာ ဟောစာတမ်းများကို အင်တာနက်ပေါ်၌ အခမဲ့ ဖတ်ရှု့နိုင်တော့မည်ဖြစ်သည်။
ခေတ်ပညာတတ်လူငယ်များ ဆုံးဖြတ်ရခက်နေသောအချိန်များ၌ ဆောင်ရန် ရှောင်ရန် ကိစ္စရပ်များကို အလွယ်တကူ သိရှိနိုင်ရန် ရည်ရွယ်ထားသော ဆရာဘုတလင်ထွန်းလင်း၏ တစ်ပတ်စာ ဟောစာတမ်းများကို http://www.itmgmg.com/yourstar.aspx ၌ အပတ်စဉ် အခမဲ့ ဖတ်ရှု့နိုင်မည်ဖြစ်ပြီး အဓိက အားဖြင့် ပြည်ပနိုင်ငံများ၌ မိဝေးဖဝေး သွားရောက် အလုပ်လုပ်နေကြသော မြန်မာလူငယ်များအတွက် အလုပ်ရမရ၊ အင်တာဗျူးများနှင့် ယတြာအဆောင်များကို အသားပေး ဟောပြောထားသည်။
ဆရာဘုတလင်ထွန်းလင်းအနေဖြင့် နောင်တွင် “ကမ္ဘာ့ဖလား ဘယ်အသင်း ဗိုလ်စွဲမလဲ”၊ “ကမ္ဘာကြီးနှင့် ဆူနာမီ” အစရှိသည့် ကမ္ဘာလုံးဆိုင်ရာ ဟောစာတမ်းများကိုလည်း အလျဉ်းသင့်သလို ခန့်မှန်း ဟောချက်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
|
|