|
News
|
|
MICT Park ပေါ်က ပါဆယ်ဗုံး
|
11/08/2007 11:02:23 AM
|
|
အတိုက်အခံအဖွဲ့အစည်းတွေရဲ့ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်းတွေကို သတိရှိကြဖို့ နိုင်ငံတော်သတင်းစာတွေမှာ နေ့စဉ်ရက်ဆက်ဖော်ပြနေတဲ့အချိန်မှာပဲ 07/09/2007 ရက်နေ့က မန္တလေး ရတနာပုံဈေးအပေါ်ထပ်၊ အိုင်စီတီပါတ်ပေါ်က အိုင်တီ ကုမ္ပဏီ ရုံးခန်းတစ်ခန်းကို ပါဆယ်ဗုံးလို့ သံသယဖြစ်စရာ အထုပ်တစ်ထုပ် လက်ခံရရှိခဲ့ပါတယ်။
ပေးပို့သူ အမည်ဖော်ပြမထားပဲ ကုမ္ပဏီလိပ်စာကိုလည်း "iNet" လို့ နာမည်အမှန်နဲ့တကွ ပြည့်ပြည့်စုံစုံရေးမထားပဲ "ine" လို့ ရေးထားပါတယ်။ လက်ခံရရှိတဲ့ ကုမ္ပဏီအနေနဲ့ သံသယဖြစ်ဖြစ်နဲ့ ဂရုတစ်စိုက် ဖွင့်ကြည့်တဲ့အချိန် ပထမ တစ်ထပ်ပွင့်သွားပြီး အထဲမှာ မုန့်ထုပ်ပုံစံ ဒုတိယ အထုပ်တစ်ထုပ် ထပ်တွေ့တယ်လို့ သိရပါတယ်။ ထပ်မံဖွင့်ဖို့ ကြိုးစားရာမှာ အထဲမှ ဓါတ်ခဲများကို လှမ်းမြင်ရတဲ့အတွက် အလန့်တကြား ထွက်ပြေးကြပြီး သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပါတယ်။
သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လက်နက်ကျွမ်းကျင်သူများလာရောက် စစ်ဆေးတဲ့ အချိန်မှာ ဗုံးမဟုတ်ပဲ သာမာန် စာရွက်စာတမ်းများဖြစ်နေတာကို သိရပါသတဲ့။
ဖြစ်စဉ် နောက်ကြောင်းအား အသေးစိတ်စုံစမ်းရာ ပေးပို့သူက ပုဂ္ဂလိက အမြန်ချောစနစ်နှင့် ပစ္စည်းပို့ရာတွင် စာဆိုပါက လက်မခံမည်စိုးသဖြင့် အလေးချိန်ရှိရန် ဓါတ်ခဲများ ထည့်ပေးပို့ခြင်းဖြစ်ပါသတဲ့။ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနှင့် အလုပ်ရှုပ်သွားပြီး နောင်တွင် ယခုကဲ့သို့ ဓါတ်ခဲများ ထည့်မပို့ရန်နှင့် ဓါတ်ခဲများ ယခုကဲ့သို့ ပို့ခြင်းသည် အရေးယူနိုင်ကြောင်း ပေးပို့သူကို သတိပေး ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
|
|