|
News
|
|
ကုန်ပစ္စည်းအသစ်သုံးမျိုး ဆိုက်ရောက် လိုင်စင်ဖြင့် တင်သွင်းခွင့်ပြုမည်
|
25/08/2007 09:44:23 AM
|
|
မြန်မာနိုင်ငံသို့ ကုန်ပစ္စည်းများတင်သွင်းရာ၌ ကွန်ပျူတာပစ္စည်း၊ လေယာဉ်ပစ္စည်းနှင့် ဆေးပစ္စည်းများအား သွင်းကုန်လိုင်စင် ကြိုတင်လျောက်ထားရန်မလိုပဲ လေဆိပ်၊ သင်္ဘောဆိပ်များ၌ ဆိုက်ရောက်လိုင်စင်များ ထုတ်ပေးသွားမည်ဖြစ်ပြီး နှစ်နာရီအတွင်း ကုန်ပစ္စည်းများ ထုတ်ယူနိုင်ရန် သက်ဆိုင်ရာက စီစဉ် နေကြောင်း အဆိုပါအစီအစဉ်၌ ပူးပေါင်းပါဝင်ရမည့် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူတစ်ဦးက လွန်ခဲ့သည့် သတင်းတစ်ပါတ် မန္တလေး ခရီးစဉ်၌ ထုတ်ဖော်ပြောကြားလိုက်သည်။
"အဲဒီ အစီအစဉ်အတွက် ကျမတို့ ကွန်ပျူတာလုပ်ငန်းရှင်အသင်းက သက်ဆိုင်ရာနဲ့ ပူးပေါင်းပြီး ကွန်ပျူတာပစ္စည်း ဈေးနှုန်းတွေကို ကြိုတင် သတ်မှတ် ပေးထားရမှာပါ၊ အဓိကက အကောက်ခွန်ဦးစီးဌာနအနေနဲ့ ကျသင့်တဲ့အခွန်အခတွေ အမြန်ကောက်ယူနိုင်ပြီး ပစ္စည်း မြန်မြန်ထုတ်ပေးနိုင်ဖို့ပါ" ဟု မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယခုကဲ့သို့ ဆိုက်ရောက်လိုင်စင်များ ထုတ်ပေးခြင်းအားဖြင့် လုပ်ငန်းများ ပိုမိုလျင်မြန် ချောမွေ့လာမည်ဖြစ်ပြီး၊ ကွန်ပျူတာပစ္စည်း၊ ဆေးပစ္စည်းများနှင့် ပတ်သက်၍ သုံးစွဲသူပြည်သူများ တိုက်ရိုက်အကျိုးခံစားခွင့်ရမည်ဖြစ်သလို လေယာဉ်ပစ္စည်းနှင့် ပတ်သက်၍လည်း သွယ်ဝိုက်သော အကျိုးများ ခံစားရမည် ဖြစ်သည်။
|
|