|
News
|
|
တက္ကသိုလ်များ တစ်နေ့ ၄ ကြိမ် စာတမ်းဖတ်ရမည်
|
21/08/2007 1:21:21 PM
|
|
အထက်မြန်မာပြည် အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ခံ မန္တလေးတက္ကသိုလ်၊ အဝေးသင်တက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်နှင့် ကျောက်ဆည်မြို့မှ ကျောက်ဆည်တက္ကသိုလ် တို့အနေနှင့် တစ်နေ့လျှင် ဘာသာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲ ၄ ကြိမ်မဖြစ်မနေ ပြုလုပ်ရန် အထူးညွှန်ကြားမှု တစ်ရပ်အနေနှင့် ပညာရေးဝန်ကြီးက လမ်းညွှန်ထားကြောင်း သိရသည်။
"တစ်နေ့ ၄ ကြိမ်ဆိုတဲ့ ပမာဏက တော်တော်များပါတယ်၊ ဒါပေမယ့် သေခြာတာ တစ်ခုကတော့ ဆရာ၊ ဆရာမတွေအနေနဲ့ စာတွေဖတ် ဖြစ်သွားတာပါပဲ၊ Life Long Learning ဆိုတဲ့ ခေတ်မှာ ဆရာ၊ ဆရာမတွေရဲ့ ကဏ္ဍက အထူးအရေးကြီးနေပါတယ်၊ အခြေခံအဆောက်အဦတွေ ဖြစ်တဲ့ အဆင့်မြင့်တက္ကသိုလ်ကြီးတွေ နိုင်ငံအနှံ့ ပေါ်ထွက်လာတာနဲ့ အမျှ အဆင့်မြင့်မြင့် သင်နိုင်တဲ့ ဆရာ၊ ဆရာမတွေလည်း အများကြီးလိုအပ်နေ ပါတယ်၊ သာမာန် မဟာဘွဲ့လေးယူပြီး ဆရာဖြစ်နေတဲ့ သူတွေနဲ့ မလုံလောက်ပါဘူး၊ တကယ်သိတဲ့ တတ်တဲ့ ခေတ်မီဆရာတွေ လိုအပ်ပါတယ်၊ အဲဒီအတွက် ဒီစာတမ်းဖတ်ပွဲတွေက အထောက်အကူ ဖြစ်နိုင်မှာပါ" ဟု တက္ကသိုလ်ဆရာတစ်ဦးက သူအမြင်ကို ပြောသည်။
ယခုအခါ အဆိုပါ တက္ကသိုလ် ၅ ခု အနေနှင့် မိမိ တက္ကသိုလ်အလိုက် စာတမ်းဖတ်ပွဲပြုလုပ်မည့် အစီအစဉ်အား အထက် အ.ဆ.ည သို့ ကြိုတင် စာရင်းပေးပို့ကာ နေ့စဉ် စာတမ်းဖတ်ပွဲများ ပြုလုပ်လျက်ရှိသည်။
|
|