|
News
|
|
အင်တာနက်ကဖေးကို မှားယွင်းဘာသာပြန်
|
19/08/2007 4:47:29 PM
|
အင်တာနက်ကဖေး ဆိုသည့် မွေးစားစကားလုံးအား အင်တာနက်နှင့် ကဖေး ဝေါဟရနှစ်ခုပေါင်းစပ်၍ "...အင်တာနက်ကနေ အီလက်ထရောနစ်စာပို့ လုပ်ငန်းအားလုံးကို ဆောင်ရွက်နိုင်တဲ့ ကွန်ပျူတာတွေ စုဝေးရာ အဆင့်မြင့် စားသောက်ဆိုင်ငယ်တွေဖြစ်တဲ့ ဆိုက်ဘာ ကဖေးလုပ်ငန်း..." ဟု 17/08/2007 ရက်နေ့ထုတ် မြန်မာတိုင်း(မ်)စာစောင် မန္တလေးစာမျက်နှာ၌ မှားယွင်း ဘာသာပြန် ထားကြောင်း သိရသည်။
အဆိုပါ သတင်းထောက်အနှေနှင့် သူအထင်နှင့်သူ ဘာသာပြန်ထားဟန်ရှိသလို အင်တာနက်ဗဟုသုတနှင့် ဝေးကွာသော သူများလည်း ထိုကဲ့သို့ပင် အမှတ်မှားလေ့ရှိသည်။ အမှန်တကယ်မှာမူ အင်တာနက်ကဖေးဆိုသည်မှာ ကော်ဖီကို အိမ်တွင် တကူးတကဖျော်သောက်စရာမလိုပဲ ခရီးသွားဟန်လွဲ မည်သည့်ကဖေးဆိုင်တွင်မဆို အလွယ်တကူ ၀င်သောက်၍ရသည့် ဥပမာနှင့် ခိုင်းနှိုင်း၍ အင်တာနက်ကိုလည်း အလွယ်တကူ အခကြေးငွေပေး၍ ၀င်သုံးနိုင်အောင် စီစဉ်ထားသည့် အများသုံး အင်တာနက် ဆိုင်များကိုခေါ်ခြင်းဖြစ်သည်။ အစားအသောက် ရခြင်း မရခြင်းသည် အဓိကမကျပေ။
ကမ္ဘာကျော် Wikipedia ၏ http://en.wikipedia.org/wiki/Internet_cafe စာမျက်နှာ၌ အင်တာနက်ကဖေးအကြောင်းအား ဖြစ်ပေါ်လာပုံသမိုင်းကြောင်း နှင့်တကွ ပြည့်ပြည့်စုံစုံ တင်ပြထားဖြင့် မြန်မာတိုင်း(မ်) သတင်းထောက်အနေနှင့် အလွယ်တကူမှားယွင်းလိုက်သည် သို့မဟုတ် ဒီဇိုင်းထွင်ပြီး ဘာသာပြန်လိုက်သည် ဆိုသည့်အချက်အား မန္တလေးက အိုင်တီသမားများ စိတ်ဝင်စားနေကြသည်။
|
|