|
News
|
|
Myanmar eLibrary အား Blogger တစ်ဦးဝေဖန်
|
14/08/2007 4:47:29 PM
|
http://www.myanmarelibrary.com ဖြင့် လွှင့်တင်ထားသော မြန်မာအွန်လိုင်းလိုက်ဘရီ အီလက်ထရောနစ် စာကြည့်တိုက်နှင့် ပတ်သက်၍ အွန်လိုင်း ဘလော့ဂါ တစ်ဦးက Aug 12 ရက်နေ့က သူ၏ ကိုယ်ပိုင် http://nyilynnseck.blogspot.com/2007/08/myanmar-e-library.html ဘလော့ဆိုက်မှ တဆင့် အပြုသဘောဆန်ဆန် ဝေဖန်ရေးသားလိုက်သည်။
အပြုသဘောဆန်သည့် ဝေဖန်မှု၌ မြန်မာအွန်လိုင်းလိုက်ဘရီအား eBook Sharing ဟု စတင်ထားပြီး အကြောင်းအရာအချက်အလက်များအား PDF Format ဖြင့်Scan ဖတ်တင်ထားသဖြင့် အဆမတန် ဖိုင်ဆိုဒ်များကြီးလွန်းနေပြီး Download ဆွဲချရန် အခက်အခဲရှိနေကြောင်း၊ Text Format ဖြင့် မြန်မာယူနီကုတ်သုံးကာ ပြန်မရိုက်ထားသဖြင့် လိုချင်သော စာအကြောင်းအရာကို ရှာဇွေရန် အခက်အခဲရှိကြောင်း စသည့် ပြုပြင်ရန် အားနည်းချက်များအား အချက်တစ် နှစ် သုံး ရေးထိုးကာ ဝေဖန်ထားသည်။
မြန်မာစာအုပ်များနည်းပါးပြီး နိုင်ငံခြားစာအုပ်များ ပိုမိုများပြားနေခြင်းနှင့် ပါတ်သက်၍လည်း ''...ပဉ္စမ အားနည်းချက်ကတော့ အင်္ဂလိပ် စာအုပ်တွေ များနေပြီး မြန်မာစာအုပ် အရေအတွက် နည်းပါးခြင်းပါ။ မှတ်မှတ်ရရ အဲဒီဆိုဒ်ကနေ အင်္ဂလိပ်စာအုပ် တစ်အုပ်မှ ကျွန်တော် မကူးခဲ့ဖူးဘူး။ အင်္ဂလိပ်စာအုပ် အီးဘွခ် လိုချင်ရင် နိုင်ငံခြားက ဆိုဒ်တွေမှာသာ ရှာပါတယ်။ သူတို့ လုပ်ထားတဲ့ အီးဘွခ်တွေဟာ ပိုက်ဆံယူထားတာနဲ့အညီ ကောင်းမွန် သပ်ရပ်မှု ရှိပါတယ်။ ...", "...ဘာလို့ မြန်မာစာကြည့်တိုက်က အလကားရတဲ့ အဖိုးတန် မြန်မာစာအုပ်တွေကို မစုစည်းသေးဘဲ၊ အင်္ဂလိပ်စာအုပ်တွေကို ရန်ပုံငွေပိုက်ဆံ အကုန်ခံပြီး လိုက်စုနေတာလဲ ဆိုတာကတော့ တွေးကြည့်ရင် အဖြေတစ်မျိုးပဲ ရပါတယ်။ ..." ဟု ဝေဖန် ရေးသားထားသည်။
စာပိုဒ် ၉ ပိုဒ်ရေးသားထားသည့် အဆိုပါ ဝေဖန်စာ၏ အဆုံးပိုဒ်၌ "အစိုးရက အားပေးပံ့ပိုးထားတဲ့ ဒီလိုက်ဘရီကြီးကို ဒီထက် အဆပေါင်းများစွာ ကောင်းစေချင်မိပါတယ်။ အမှားတွေ၊ အားနည်းချက်တွေ၊ ကောင်းစေချင်တဲ့ စိတ်ဆန္ဒလေးတွေကနေ..." ဟု ရေးသားထားကာ လူငယ်တစ်၏ သဘောထားအမှန်အား ဖော်ပြထားပြီး ဝေဖန်မှုကို အဆုံးသတ်ထားသည်။
|
|