Welcome...
 
 
Log In
Forgot Password
New User Register
Get RSS 2.0
  My News
 
 
Online Users
မြန်မာပြက္ခဒိန်
(GMT+06:30) Yangon - 09/09/2010
Learning ASP.NET Here!
Blog
နန်းကြီး မုန့်တီ ကြီးကြီးလုပ်နေသမျှတော့ ….. 7/17/2008 12:12:45 AM

သတင်းထောက် ဘ၀တုန်းက အတွေ့အကြုံလေးတွေ ပြန်ရေးမလား စဉ်းစားတော့ လွန်ခဲ့တဲ့ ၇ နှစ် ၈ နှစ်က အကြောင်းလေး သတိရမိလို့ ခပ်လွယ်လွယ်ခေါင်းစဉ်လေး ပေးပြီး ရေးလိုက်မိတာပါ။

အဲဒီတုန်းက ကျွန်တော်က မန္တလေးမြို့ အခြေစိုက် သတင်းစာ တစ်စောင်ရဲ့ အကျိုးဆောင် သတင်းထောက်လေး ပေါ့။ အမေ့ဘက်က အဘွားရဲ့ ရပ်ဆွေရပ်မျိုး မြင်းခြံသား ဗိုလ်မှူးကြီး တစ်ဦးကလည်း ၀န်ကြီးဌာနတစ်ခုမှ ဒု-၀န်ကြီး တာဝန် ယူနေတဲ့ အချိန်ပေါ့။ ရေစက်ဆုံချင်တော့ သူရဲ့ အထက်အညာ ခရီးစဉ် တစ်ခုမှာ ကျွန်တော်က သတင်းလိုက်ယူ ဖြစ်တယ်။

မုံရွာ အထက်အညာ ခရီးစဉ် တစ်လျောက် သူနဲ့အတူ လိုက်ရတယ်။ တစ်နေကုန် သူ့ဘေးမှာ ဓါတ်ပုံရိုက်လိုက်၊ ဘာတွေပြောလဲ လိုက်မှတ်လိုက်ပေါ့။ သိတဲ့အတိုင်းပဲ သတင်းရေးတော့ “..လိုအပ်သည်များကို လမ်းညွှန်မှာကြား သွားပါသည်” ဆိုပြီး ရေးလို့ရအောင်လေ။ ကိုယ်ရေးချင်တိုင်း ကိုယ်အာဘော်နဲ့ကိုယ် တော့ ရေးလို့မရပါဘူး။ သတင်း ထည့်မှာကလည်း ပုဂ္ဂလိက သတင်းစာ/ဂျာနယ် မဟုတ်တော့ ညရောက်ရင် ပြန်တင်ပြရတယ်၊ ဘာတွေ ရေးပြီး ဘာတွေ မရေးရဘူးလဲပေါ့။

အဲဒီနေ့ညက မုံရွာမှာ ညအိပ်တယ်။ ဒုဝန်ကြီး အခန်းထဲမှာ သူရယ်၊ သူ့ရဲ့ ကိုယ်ရေးအရာရှိရယ်၊ ကျွန်တော် သတင်းထောက် ပေါက်စလေးရယ်ပေါ့။ ကိုယ်ရေးထားတဲ့ အကြမ်းမှတ်စုလေးတွေကို ပြန်ချောပြီး ကိုယ်ရေးအရာရှိကို ပြရတယ်။ ဒီလိုရေးမယ်၊ ဒါတွေရေးမယ်ပေါ့။ သူကလည်း သူကိုယ်တိုင် မဆုံးဖြတ်နိုင်တဲ့ဟာတွေကို အဘ ဒါတွေ ရေးရမလားပေါ့ တဆင့် ပြန်တင်ပြရတယ်။ (ဟီး အမှန်က သုံးယောက်စလုံး တစ်ခန်းထဲမှာ)

အဲဒီအချိန်မှာ မုံရွာက ဧည့်ခံကြွေးမွေးရေး တာဝန်ရှိသူတွေ အခန်းဝမှ ပြူတစ်ပြူတစ်နဲ့ လူရိပ်လာပြတယ်။ အထဲလည်း ၀င်မလာရဲဘူးနဲ့ တူတယ်။ ကိုယ်ရေးအရာရှိက မြင်သွားပြီး ကျွန်တော်နဲ့ လုပ်လက်စလေး ခဏရပ်ပြီး ဘာလဲလို့ အခန်းဝ ဘက် ထွက်ပြီး မေးတယ်။ လာတဲ့သူတွေကလည်း အသံလေး ခပ်အုပ်အုပ်နဲ့ “ဟို မနက်စာ ၀န်ကြီးအတွက် ဘာစီစဉ်ရမလဲလို့ပါ” လို့ မေးတယ်။ ကိုယ်ရေးအရာရှိက အထဲပြန်ဝင်လာပြီး ခပ်ရို့ရို့နဲ့ပဲ “အဘ မနက်စာ ဘာစီစဉ်လိုက်ရမလဲ ခင်ဗျ” ပေါ့။ ဒု-၀န်ကြီးက သဘောကောင်းပါတယ်။ “အေးကွာ အညာဘက်ရောက်တုန်း နန်းကြီးသုပ်လေး စားရရင် ကောင်းမယ်နဲ့ တူတယ်ကွ” ဆိုပြီး ပြန်ပြောတယ်။ ကိုယ်ရေးအရာရှိက အခန်းပေါက်ဝ ခေါင်းလေးပြူပြီး နန်းကြီးသုပ် စီစဉ်လိုက် ဆိုပြီး ဆုံးဖြတ်ချက် ပြန်ချပေးလိုက်တယ်။ အဲဒီတော့ လာမေးတဲ့သူတွေက မန္တလေး နန်းကြီးသုပ် ဘယ်အရွယ်ရှိလည်း မသိတာလား၊ သေခြာချင်တာလား မသိဘူး မေးခွန်းတစ်ခု ထပ်ပြန်တက်လာတယ်။ “နန်းကြီးက ဘယ်အရွယ်ကြီးရမှာလဲ” လို့ အဲဒါနဲ့ ကိုယ်ရေးအရာရှိကလည်း အထဲ ပြန်ဝင်လာပြီး “အဘ နန်းကြီးက ဘယ်အရွယ် ကြီးခိုင်း လိုက်ရမလဲ”လို့ မေးပြန်တယ်။ လူကြီးက “ဟာကွာ နန်းကြီးသုပ်ပါဆို နန်းကြီး ကြီးကြီးပေါ့ကွာ” ဆိုပြီး ဖြေလိုက်တယ်။ အရာရှိလည်း နန်းကြီး ကြီးကြီးတဲ့ဆိုပြီး လာမေးတဲ့သူတွေကို အသံခပ်မာမာလေးနဲ့ ပြန်ပြောလိုက်တယ်။ ဒီမှာက မနားရသေးဘူးလေ အလုပ်က လုပ်လက်စတစ်ဘက်နဲ့ ဆိုတော့။

ကိုယ်နဲ့ မဆိုင်သလို ဖြစ်သွားတဲ့ ကိစ္စလေးက နောက်နေ့ မနက် နိုးလို့ မနက်စာ စားတော့မှ နည်းနည်း ဆိုင်သလို ဖြစ်သွားမှန်း သိရတယ်။ မနက်နိုးတော့ ကိုယ်လည်း အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပြီး ကျွေးမယ်သူ့ လာခေါ်တာ စောင့်နေရတာပေါ့။ လူကြီးက မစားရသေးဘူးနဲ့တူတယ်။ မနက်စာ စားပွဲပြင်ထားတာတော့တွေ့တယ်၊ ကိုယ်နဲ့ မဆိုင်တော့ ဘယ်သွားစားရမှန်း မသိဘူး။ အပြင်ထွက်စားလို့ကလည်း မရဘူးလေ။ ယာဉ်တန်းနဲ့ လိုက်ရမှာဆိုတော့ ကိုယ်တစ်ယောက်ထဲ ကျန်ခဲ့လို့ကလည်း မရဘူး။ အဲဒီအချိန် လူကြီးက မနက်စာစားဖို့ ထွက်လာပြီး စားပွဲမှာထိုင်လို့ တဆက်ထဲပဲ သူက သဘောကောင်းတယ် “ဟာ သတင်းအဖွဲ့တွေ ခေါ်လေကွာ၊ တစ်ခါ ထဲ စားလေ၊ သူတို့လည်း အရေးကြီးတယ်၊ ငါနဲ့ တစ်နေကုန် လျှောက်လိုက်ရမှာ” ဆိုတော့ ဧည့်ခံရေးအဖွဲ့က ပြာပြာသလဲနဲ့ လာကြပါပေါ့။ အဲဒီကျမှ မနေ့ညကမေးတဲ့ နန်းကြီးမုန့်ဖတ် ဘယ်လောက်ကြီး ဆိုတာ တွေ့ရတောတယ်။ တူနဲ့ စားလို့ မရဘဲ ဓါးနဲ့လှီးပြီး ခရင်းနဲ့ ထိုးစားရမယ့် အရွယ် မုန့်တီကိုမြင်တော့ ကျွန်တော်တို့လည်း ဘယ်လိုစားရမှန်း မသိဖြစ်သွားတယ်။ လူကြီးက မုန့်တီကို ခရင်းနဲ့ ဟိုဘက် က ထိုးလိုက် ဒီဘက်က လှဲ့ထိုးလိုက် လုပ်ရင်း မင်းတို့ မုန့်တီ ကြီးလှကြီးလားကွဆိုတော့ ဘေးက အရာရှိကြီးက အားရ၀မ်းသာနဲ့ “အဘက ကြီးကြီးဆိုလို့ စပယ်ရှယ် လုပ်ထားတာတဲ့”….။

လူကြီးက ဘာပြန်ပြောလဲတော့ ထည့်မရေးတော့ပါဘူး…။ ဟီး ဟီး ….။ အဲဒီ ၀င်ဖြေတဲ့ သူတော့ မျက်နှာကြီး မဲသွားရော။ မြန်မာစကားပုံတစ်ခု သွားသတိရမိတယ် “ကြက်တူရွေးက တော်တော် မယ်ဘော်က ကဲ” တဲ့။

အဲဒါနဲ့ အိမ်ရောက်တော့ ပြန်ပြောဖြစ်တာပေါ့။ အဲဒီတော့ အဖေက ပြောတယ်။ လမ်းစဉ်ပါတီခေတ်ကလည်း ဒီလိုပါပဲကွာတဲ့။ ပါတီဥက္ကဌကြီး ပုဂံညောင်ဦးလာတော့ သီရိပစ္စရာ ဟိုတယ်မှာ တည်းသတဲ့။ မနက် နိုးလို့ မနက်စားစားချိန်မှာ ဥက္ကဌကြီးက ဘာပြောလဲဆိုတော့ “ငါ့ ခေါင်းရင်းက သစ်ပင်မှာ တောက်တဲ့ ရှိတယ်နဲ့ တူတယ်ကွ၊ မနေ့ညက အဲဒီအကောင်ကြီး တစ်ညလုံး အော်နေတာ..” ဆိုပြီး။ ပြီးတော့ ပြောပြီး မေ့မေ့ပျောက်ပျောက်ပေါ့။ သူလည်း တစ်နေ့ကုန် စစ်ဆေး စရာ ရှိတာ လိုက်စစ်ဆေး၊ ဘုရားတွေ လိုက်ဖူး၊ ညနေမှ ဟိုတယ်ပြန်လာပြီး တစ်ည အိပ်တာပေါ့။ နောက်နေ့ မနက် မနက်စာ စားချိန်ကျ ဟိုတောက်တဲ့ကြီး မနေ့ညကတော့ မအော်တော့ဘူးကွ၊ ဘာလို့လဲ မသိဘူး” ဆိုပြီး စကားစတော့ မုန့်တီကြီးကြီး လုပ်တဲ့သူလိုပဲ ဘေးက ၀င်ဖြေတယ်။ “အဘ ည အိပ်မရဘူးထင်လို့ သစ်ပင်ပါ ခုတ်ပြီး တောက်တဲ့ကြီး ရှင်းထားပါတယ်” တဲ့ ..။ ကဲ အစီအမံတွေ ကောင်းတာလေ။ ၀ဋ်က ချက်ခြင်းလည်တာ တောက်တဲ့လည်း ဘုံပျောက်လို့ ဘယ်ရောက်မှန်း မသိသလို အဲဒီ သစ်ပင်ခုတ်တဲ့သူလဲ အမျက်မာန် အရှခံရပြီး ဘယ်ဌာန ရောက်သွားမှန်းတောင် မသိလိုက်ကြဘူးတဲ့။

ဟိုး… ခေတ်ဟောင်းက ဟာတွေ ပြောတာပါ။ ကျွန်တော်တို့ ခေတ် မှာတော့ မုန့်တီကြီးကြီးလည်း မလုပ်မိစေနဲ့ တောက်တဲ့ သစ်ပင်လည်း မခုတ်မိကြစေနဲ့ပေါ့။ ဘာပဲဖြစ်ဖြစ် တိကျတဲ့ သတင်းအချက်အလက်တွေပေါ်မှာပဲ အခြေခံရင်း အလုပ်လုပ်ကြတာပေါ့လို့ ပြောရင်း….။

 

<September 2010>
SuMoTuWeThFrSa
2930311234
567891011
12131415161718
19202122232425
262728293012
3456789
Blog
နန်းကြီး မုန့်တီ ကြီးကြီးလုပ်နေသမျှတော့ …..
၃၅ နှစ် အမှတ်တရ အတွေး (သို့) ကျွန်တော်သူနဲ့ မပြိုင်ပါ။
စင်္ကာပူကို လာမယ်ဆိုရင် အပိုင်း(၂)
စင်္ကာပူကို လာမယ်ဆိုရင် အပိုင်း(၁)
ကျွန်တော် စင်္ကာပူမှာ နေ နေသည်
Joke!!! (Before and After)
ရတနာပုံ ဆိုက်ဘာစီးတီးကြီးကို ရောက်ခဲ့တယ်
ရက်ရာဇာ၊ ပြဿဒါး သိလို့လျင်
MCPA မှာ လုပ်တဲ့ SIG လေးတွေကောင်းကြောင်း
မြန်မာ့ ပထမဆုံး eOpenning Speech
BlogDay လုပ်ကြမလို့တဲ့
XML ဟောပြောပွဲ
IT Stories
အိုင်တီလောကမှာ ဒါမျိုးလေးတွေ ရှောင်ပေးပါ
GTalk Bomber နဲ့ grouping message တွေ ပို့ရအောင်
GTalk ဖွင့်ထားပြီး Idle ဖြစ်နေတယ်လို့ ညာရအောင် (gAlwaysIdle)
သိပ်လွယ်လွန်းတဲ့ Print Screen Tool လေး (ScreenHunter)
Adobe ကလည်း Share BETA တဲ့၊ Free 1 GB တဲ့
ဆင်လောက်ရှိတဲ့ Hardisc ကြီး
အောင်လံထူ စစ်သူကြီးနဲ့ ကွန်ပျူတာ၊ သင်္ချာ Algorithm
နိုင်ငံခြားကို အခမဲ့ ဖုန်းခေါ်မလား (PFINGO)
What is Microsoft SilverLight?
What is RSS?
News
အင်တာနက်ဂျာနယ် ကဲ့သို့ 7 Day ဂျာနယ်မကြာမီ အွန်လိုင်းဖတ်နိုင်တော့မည်
ရတနာပုံဈေး (အိုင်စီတီပတ်ခ်) တစ်နေကုန် မီးလောင်
ဒီမိုကရေစီ ပြည်သူ့ အုပ်ချုပ်ရေး စနစ်အတွက် ၂၀၁၀ တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်
စင်္ကာပူ အစိုးရ S Pass Quota များ တိုးမြှင့်မည်
ရတနာပုံတယ်လီပို့ဖွင့်ပွဲ အထိမ်းအမှတ် ပရိုဂရမ်မင်းပြိုင်ပွဲ၊ ဂိမ်းပြိုင်ပွဲ ဆုကြေးငွေ သိန်း ၅၀ ကျော် ပေးမည်
၂၄ မိုင်က ရတနာပုံဆိုက်ဘာ မြို့တော်ကြီး ဒီဇင်ဘာဖွင့်မည်
ဘုတလင်ထွန်းလင်း၏ ၇ ရက်သားသမီးတို့ အတွက် တစ်ပတ်စာ ဟောစာတမ်း
MICT Park ပေါ်က ပါဆယ်ဗုံး
ကုန်ပစ္စည်းသစ်သုံးမျိုး ဆိုက်ရောက် လိုင်စင်ဖြင့် တင်သွင်းခွင့်ပြုမည်
တက္ကသိုလ်များ တစ်နေ့ ၄ ကြိမ် စာတမ်းဖတ်ရမည်
အင်တာနက်ကဖေးကို မှားယွင်းဘာသာပြန်
အစိုးရ ဓါတ်ဆီ၊ ဒီဇယ် ထုတ်ဈေးနှုန်းများ တိုးမြှင့်
Myanmar eLibrary အား Blogger တစ်ဦးဝေဖန်
မန္တလေးတက္ကသိုလ် သတ္တဗေဒ ဆရာကန်တော့ပွဲ