|
Blog
|
|
Joke!!! (Before and After)
|
14/12/2007 4:42:04 PM
|
|
Before And After
တဲ့၊ အီးမေးလ်ကနေတဆင့် သူငယ်ချင်းတစ်ယောက် Group Forword လုပ်လိုက်တဲ့ ပြုံးစရာလေးပါ။ ကိုယ်တစ်ယေက်ထဲ ပြုံးရ၊ ရီရတာ တစ်ကိုယ်ကောင်း ဆန်တယ် ထင်လို့၊ အားလုံးဖတ်ပြီး ရီရအောင် မျှဝေလိုက်တာပါ။ ဘ၀အမောတွေနဲ့ လှုပ်ရှားနေကြရတဲ့ အချိန်တွေမှာ ခဏဖြစ်ဖြစ် ပြုံးလိုက်ရတော့ စိတ်သက်သာရာ ရသွားတာပေါ့။ ရယ်စေချင်လို့ ရေးလိုက်တာကို အိမ်ထောင်သည်တွေ၊ ချစ်သူတွေ ကြားထဲမှာ ရန်တော့ မဖြစ်စေချင်ဘူးနော်။
ဟာသလေးက ကောင်လေးနဲ့ ကောင်မလေး အိမ်ထောင်မပြုခင် ချစ်သူဘ၀နဲ့ အိမ်ထောင်ပြုပြီးဘ၀ ပြောင်းလဲ သွားတတ်တဲ့ သဘောလေးပါ။ အောက်က အင်္ဂလိပ်စာစုလေးကို ဖတ်ကြည့်ပေးပါဦး။
Before Marriage - လက်မထပ်ခင်တုန်းကတဲ့
| He: |
Yes. At last. It was so hard to wait.
|
|
| She: |
Do you want me to leave?
|
| He: |
No! Don't even think about it.
|
| She: |
Do you love me?
|
| He: |
Of course! Over and over!
|
| She: |
Have you ever cheated on me?
|
| He: |
No! Why are you even asking?
|
| She: |
Will you kiss me?
|
| He: |
Every chance I get.
|
| She: |
Will you hit me?
|
| He: |
Are you crazy! I'm not that kind of person!
|
| She: |
Can I trust you?
|
| He: |
Yes.
|
| She: |
Darling!
|
-
-
-
After Marriage - လက်ထပ်ပြီးတဲ့ အခါကျတော့
Simply read from bottom to top. တဲ့ အားလုံး ပြောင်းပြန် ဖြစ်သွားတဲ့ သဘောပေါ့လေ၊ ဒါကြောင့် အောက်ဆုံး စာကြောင်းကနေ အပေါ်ကို ပြန်ဖတ်ကြည့်ပါတဲ့။
ဟာသလေးပဲနော်။ တကယ်တော့ ယောက်ျားလေးတိုင်း အဲလို မဟုတ်ကြပါဘူး။ တချို့ သုတေသန စစ်တမ်းတွေအရ ယောက်ျားလေးတွေက မိန်းကလေးတွေထက် ပိုပြီး ချစ်တတ်ကြတယ်တဲ့။ အဖိုးကြီး၊ အဖွားကြီး စုံတွဲတွေမှာ အဖွားကြီး အရင် သေရင် အဖိုးကြီးတွေက လွမ်းဆွေးမှုဒဏ်ကြောင့် တစ်နှစ်အတွင်း လိုက်သေတတ်ကြပြီး အဖိုးကြီးက အရင်သေရင်တော့ အဖွားကြီးတွေက သူတို့ဟာသူတို့ အေးအေးဆေးဆေး အသက်ဆက်ရှင်သန်နိုင်ကြတယ်တဲ့။
|
|