|
ဗေဒင် ကိန်းဂဏန်း ယုံကြည် သူတွေ အတွက် ရက်ရာဇာ၊ ပြဿဒါး ဆိုတာ အရေးပါ မှာပါ။ မြန်မာပြည်မှာ ပြက္ခဒိန် ကြည့်ရတာ လွယ်လို့ အဆင်ပြေ ပေမယ့် ပြည်ပ နိုင်ငံတွေမှာ ရောက်နေတုန်း သိချင်လို့ အခက်အခဲ ဖြစ်နေတဲ့ သူတွေအတွက် ရက်ရာဇာ ပြဿဒါး တွက်ပုံ တွက်နည်းလေးနဲ့ အဖြေ ထုတ်ပေး လိုက်ပါတယ်။ ကျွန်တော်ရဲ့ ၀ဘ်ဆိုက်မှာ လာကြည့်နိုင်သလို ကိုယ်ပိုင် Blog တွေမှာ ထည့်ထား ချင်တယ် ဆိုရင်လည်း ဘယ်လို ထည့်ရမယ် ဆိုတာ ဖော်ပြ ထားပါတယ်။
ပထမဆုံး ရက်ရာဇာ ပြဿဒါး သိဖို့ လင်္ကာလေးတွေ အလွတ် ရ ရပါမယ်။
ရက်ရာဇာအတွက်
တန်းခူး သာလ
ထွန်းပ ကဆုန်
နယုန် ညွတ်ပ
အောင်လှ ၀ါဆို
သာလို ၀ါခေါင်
မြတ်တော် တော်သလင်း
သတင်းကျွတ် မွှေးဆီ
အေးယီ တန်ဆောင်မုန်း
သံလုံး နတ်တော်
မိနော် ပြာသို
မိညို တပိုတွဲ
အဲယင် တန်ပေါင်း
ရက်ကောင်း ရာဇာ၊ ရာဇတည်း။
အလင်္ကာရဲ့ အဓိပ္ပါယ် ကတော့ ရှင်းပါတယ်။ တန်းခူ လမှာဆိုရင် သောကြာနဲ့ ဗုဒ္ဓဟူး က ရက်ရာဇာ၊ ကဆုန်လမှာ စနေနဲ့ ကြာသာပတေးက ရက်ရာဇာပေါ့။
ပြဿဒါးအတွက် လင်္ကာသံပေါက်လေးက
ပြဿဒါးအတွက်
တန်းခူးလက စ၍ရေလစ်
တမာ သက်ရင်း၊
အင်ကြင်း ဆူးရစ်၊
ရက်ပြစ်ဆိုးဝါး ပြဿဒါး။
အဓိပ္ပါယ်က တန်ခူးလမှာ တမာ ဖြစ်တဲ့ စနေ၊ ကြာသာပတေးက ပြဿဒါး၊ ကဆုန်လမှာ သက်ရင်းဖြစ်တဲ့ သောကြာ၊ ရာဟုက ပြဿဒါး၊ နယုန်မှာ အင်ကြင်း၊ ၀ါဆိုမှာ ဆူးရစ်၊ ပြီးရင် ၀ါခေါင်မှ တမာ၊ တော်သလင်းမှာ သက်ရင်း ပြန်ဖြစ်နဲ့ တွက်ရတာပါ။
ကွန်ပျူတာနဲ့ ပရိုဂရမ်ရေးဖို့ ရောက်နေတဲ့ လ ဟာ မြန်မာလို တန်ခူး၊ ကဆုန်ခွဲတတ်ဖို့နဲ့ နေ့ဟာ တနင်္လာ၊ အင်္ဂါ ခွဲခြားတတ်ရင် တွက်လို့ ရပါပြီ။ အဲဒါတွေ သိဖို့ကလည်း ကိုဝဏ္ဏကိုကြီး ရေးပေးထားတဲ့ http://kowunnako.itmgmg.com က RSS ကို သုံးပြီး ရေးရင် ရပါတယ်။ အဲဒီ မြန်မာပြက္ခဒိန် ဘယ်လို တွက်ရလည်း အသေးစိတ်သိချင်ရင်တော့ ကိုဝဏ္ဏကို ကိုသာ အသေးစိတ်မေးပါ။ အိုင်တီမောင်မောင် လည်း မတတ်ပါဘူး။
အိုင်တီမောင်မောင်တွက်ထားတဲ့ ရက်ရာဇာ ပြဿဒါးလေးကို ကိုယ်ပိုင် Blog တွေမှာ ထည့်ချင်တယ်ဆိုရင်တော့ Blog ရဲ့ Add New Page Element ကိုသွားပါ။ အဲဒီမှာ HTML/JAVA Script တွေ အတွက် ထည့်လို့ရတဲ့ Page Element တစ်ခုယူပါ။ ပြီးရင် အဲဒီအထဲမှာ
<div id="dayKing" width="200px" align="center">
<iframe frameborder="0" marginheight="0" marginwidth="0" height="40px" src="/daykinggg.aspx" id="ifDay" scrolling="no" style="border:#DBE2ED 1px solid;" width="200px" allowtransparency="" name="ifDay"></iframe>
</div>
ဆိုတဲ့ စာတွေကို Copy And Paste လုပ်လိုက်ပါ။ ပြီးရင် Save လုပ်ခဲ့ပါ။ ဒါဆိုရင် ကိုယ်ပိုင် Blog မှာ ကိုဝဏ္ဏကိုရဲ့ မြန်မာ ပြက္ခဒိန်လေးနဲ့ ရက်ရာဇာ ပြဿဒါး တွဲပြီး မြင်ရပြီပေါ့။ အဲ ပြဿဒါးနဲ့ ရက်ရာဇာ မဟုတ်တဲ့ နေ့တွေ မှာတော့ မြန်မာလို မင်္ဂလာပါ။ စာတမ်းလေး ပေါ်နေမှာ ဖြစ်ပြီး ဗုဒ္ဓဟူး၊ ရာဟုတွဲနေတဲ့ နေမျိုးမှာလည်း မနက်ပိုင်း ဗုဒ္ဓဟူးက ရက်ရာဇာ၊ မွန်းလွဲပိုင်း ရာဟုက ပြဿဒါး ဆိုတာ ခွဲပြီး ပြနေပါလိမ့်မယ်။ အမြန် စမ်းပြီး လုပ်ထားတာမို့ အရောင်တွေ ဘာတွေ စိတ်ကြိုက် မပြောင်းနိုင်သေးတာကိုတော့ ခွင့်လွှတ်ပါ။ မကြာခင် Gadget အစစ်နဲ့ ရေးပြီး စိတ်ကြိုက် ပြောင်းနိုင်အောင် လုပ်ပေးပါ့မယ့်။
|