|
Blog
|
|
မြန်မာ့ ပထမဆုံး eOpenning Speech
|
01/09/2007 8:23:10 AM
|
|
Blog Day အထိမ်းအမှတ်ကနေ Blog Seminar လို့ ခေါင်းစဉ်ပြောင်းလိုက်တာကလွဲရင် ၃၁ ရက်နေ့က Blog ပွဲလေး စည်စည်ကားကား အောင်အောင်မြင်မြင် ပြီးသွားပါတယ်၊ အားလုံးဟာ မှတ်တမ်းတင်စရာ ကောင်းပေမယ့် အိုင်တီမောင်မောင်အမြင်အရ ထူးထူး ခြားခြား မှတ်တမ်း တင်သင့်တာကတော့ ကိုရဲမြတ်သူ (alpha) ရဲ့ PowerPoint နဲ့ Video အဖွင့် အမှာစကား ပါပဲ၊
လူကိုယ်တိုင် လာပြောရင်ပြော၊ လူကိုယ်တိုင် လာမပြောနိုင်ရင် သ၀ဏ်လွှာပို့၊ အခမ်းနား တာဝန်ရှိတဲ့သူက အဲဒီစာ သ၀ဏ်လွှာကို ဖတ်ပြ၊ ဒါဟာ နိုင်တီးဂွမ်တီးမှာ အားလုံးမြင်ဖူး ကြုံဖူး ကြပါတယ်၊ ကိုရဲမြတ်သူကတော့ လူကိုယ်တိုင်မလာပဲ Video Power Point File နဲ့ မြန်မာနိုင်ငံရဲ့ eOpenning Speech ကို ထွင်လိုက်ပါတယ်၊ (လေးစားပါတယ်)
တက်ခဲ့ဖူးတဲ့ ပြည်တွင်းအခမ်းအနားတွေမှာ Video နဲ့ အဖွင့်အမှာစကား ပြောတာ ဒါ ပထမဆုံး ဖြစ်မယ်လို့လဲ ထင်ပါတယ်။ ထူးထူးဆန်းဆန်းပေါ့၊ အားလုံးက လူမရှိတဲ့ စကားပြော စင်မြင့်ကြီးကို ကြည့်ပြီး လက်ခုတ်တွေ တီးပေးရတာလဲ အနာဂါတ် အခမ်းအနား အဖွင့် အမှာစကားတွေရဲ့ ပြယုဂ်လိုလိုနဲ့။
|
|