မန္တလေးမြို့မှာ World Blog Day 2007 ဆိုပြီး ကျင်းပဖို့ Blogger တွေပြင်ဆင်နေတဲ့အကြောင်း ကိုရဲမြတ်သူက
http://mdyblogshow.blogspot.com/ Weblink နဲ့တကွ ဒီနေ့ သတင်းပေးလာပါတယ်။
မန္တလေးက လူငယ်တွေရော လူကြီးတွေရောအတွက် ဒီလိုပွဲမျိုးဟာ အင်တာနက်နဲ့ ပိုပြီးရင်းနှီးလာစေတာမို့ ကြိုဆိုသင့်ပါတယ်။
တကယ်တော့ Web 3.0 ကို သွားနေတဲ့ခေတ်မှာ လူတိုင်း အင်တာနက်နဲ့ အကျွမ်းတ၀င်ဖြစ်နေသင့်ပါတယ်။ အခုခေတ်က
Just Visit to the Internet မဟုတ်တော့ပါဘူး။
Livining On the Internet ပါ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း ကိုရဲမြတ်သူ(Alpha)အစီအစဉ်နဲ့ ရန်ကုန်က eGress ဆိုတဲ့ သမ္မတဟိုတယ်ပေါ်က သင်တန်းကျောင်းမှာ Living On the Internet ဆိုတဲ့ ခေါင်းစဉ်နဲ့ပဲ လွန်ခဲ့တဲ့လက ပြောခဲ့ပါသေးတယ်။
အရင်ခေတ်တုန်းကတော့ သူများလုပ်ထားတဲ့ Web Page တွေကိုပဲ ကိုယ်က သွားဖတ်ခဲ့ကြရတာ၊ အခု Web 2.0, 3.0 မှာတော့ ကိုယ်တိုင် ကိုယ်ပိုင် Web Site(Blog) တွေ လုပ်ပြီး သတင်းနဲ့ ခံစားမှုတွေ၊ နည်းပညာတွေကို အလွယ်တကူဖြန့်ဝေဖလှယ်လို့ ရနေတာပေါ့။
Blog တွေခေတ်စားလာမှ စာအရေးကောင်းတဲ့ ရွက်ပုံးသီးတွေကို တွေ့လာရတော့တယ်၊ အခြေအနေအရ စာပေလောကမှာ စာရေးဆရာမလုပ်ပေမယ့် စာဖတ်အားကောင်း၊ စာအရေးကောင်းတဲ့သူတွေပေါ့။ ကျွန်တော်အကြိုက် စာအရေးကောင်းတဲ့ Blogger တစ်ယောက်ကို ညွှန်းပါဆိုရင်တော့
http://phyowaikyaw.blogspot.com ပါပဲ။