|
Blog
|
|
Easy Web Using XML ဆိုတဲ့ ခေါင်းစဉ်နဲ့ မန္တလေး ကွန်ပျူတာပညာရှင်အသင်းမှာ ဟောပြော
|
12/08/2007 6:41:35 PM
|
|
ဒီနေ့ Easy Web Using XML ဆိုတဲ့ ခေါင်းစဉ်နဲ့ မန္တလေး ကွန်ပျူတာပညာရှင်အသင်းမှာ ဟောပြောခဲ့တယ်၊ Web 2.0, 3.0 နဲ့ Blog တွေ ခေတ်စားလာတဲ့အကြောင်း၊ XML နဲ့ RSS တွေအကြောင်း ပြောမယ်ဆိုပြီး ရည်ရွယ်ထားတာပဲ၊ နေသိပ်မကောင်းတော့ ဘာတွေပြောလိုက်မိလည်း မသိဘူး၊ တကယ်တော့ XML ဆိုတာ eXtendsiable Markup Language ကိုခေါ်တာပေါ့၊ HTML Tag တွေနဲ့တင် အားမရတော့လို့ ထပ်ချဲ့ထားတဲ့ဟာလို့ပဲ ဆိုကြပါတော့။ ဒါပေမယ့် တော်တော်ချဲ့လိုက်ပုံရတယ်၊ လုပ်လို့ရတာတွေ အများကြီးဖြစ်သွားတယ်၊ Data Base တစ်ခုလိုသုံးတဲ့သူတွေလည်း သုံးကြတယ်၊ ပြီးတော့ သူက Any Platform, Any OS, Any Devise ဖြစ်တော့ အားလုံးဝိုင်းသုံးကြတော့ Popular ဖြစ်နေတယ်။ ဟောပြောပွဲပြီးလို့ Question And Answer မှာတော့ သူတို့ရဲ့ Blog တွေမှာ မြန်မာပြက္ခဒိန် ဘယ်လိုထည့်ရမလဲဆိုတာတွေ မေးကြလို့ ကိုဝဏ္ဏကိုရဲ့ RSS Link နဲ့ ကိုရဲမြတ်သူရဲ့ AlphaZawGyi Font Download Link တွေကို ပြောပြရတယ်။
|
|