Welcome...
 
 
Log In
Forgot Password
New User Register
Get RSS 2.0
  My News
 
 
Online Users
မြန်မာပြက္ခဒိန်
(GMT+06:30) Yangon - 17/10/2017
Learning ASP.NET Here!
IT Stories
GTalk ဖွင့်ထားပြီး Idle ဖြစ်နေတယ်လို့ ညာရအောင် (gAlwaysIdle) 15/3/2008 11:49:51 AM

ဟိုတစ်နေ့က GTalk မှာ မန္တလေးက နောင်တော် အစ်ကိုကြီးတစ်ပါးနဲ့ စကားပြောဖြစ်တယ်။ သူပြောတဲ့ အချိန်မှာ ကိုယ်က အလုပ်တစ်ခု လက်စမပြတ်တော့ ချက်ခြင်း ပြန်မပြောနိုင်ဘူး၊ ကိုယ်ပြန်ပြောမယ်လုပ်တော့ သူရဲ့ GTalk Account က Idle ဖြစ်နေတယ်။ အံအားသင့်သွားတယ်၊ အခုနကပဲ ပြောနေတယ်၊ အခု ဘာမှ မကြာသေးဘူး သူက Idle ဖြစ်သွားတယ်။ ဘယ်များ ထွက်သွား ပါလိမ့်ပေါ့။ ကဲ Message တော့ ပို့ထားလိုက်မယ် ဆိုပြီး သူ့ဆီကို အကြောင်းပြန်လိုက်တယ်၊ သူက ချက်ခြင်းပဲ အကြောင်းပြန်လာတယ်၊ သူ့ Account Active ဖြစ်နေတဲ့ သဘောပေါ့။ ဒါပေမယ့် ကျွန်တော့်ဆီမှာတော့ သူ့ Account က Idle ပြနေတုန်းပဲ။ သေခြာပြီ ဒီလူကြီး ကူလီကူမာတော့ လုပ်ထားပြီပေါ့။ ထင်တဲ့ အတိုင်းပဲ သူကစပြောတယ် “GTalk မှာ အမြဲတမ်း Idle လုပ်ထားပြီး ညာလို့ရတယ် သိလားတဲ့။ ဒါပေမယ့် ခင်ဗျားကို မပြောဘူးတဲ့၊ ဖွ’မှာစိုးလို့တဲ့၊ ဒါလေးနဲ့ လုပ်စားနေတာတဲ့၊ မပြောချင်တဲ့ သူဆိုရင် ကွန်ပျူတာရှေ့မှာ မရှိချင်ယောင် ဆောင်လို့ရတယ်တဲ့။”  ကဲ… အိုင်တီမောင်မောင်ကို ဒါမျိုးလာစမ်းတော့ ဘယ်ရမလဲ၊ တစ်နေကုန် ဘာအလုပ်မှ မလုပ်ပဲ Google မှာ တက်ရှာ ပစ်မယ်ဆိုပြီး ရှာလိုက်တာ၊ တစ်မိနစ်တောင် မကြာဘူး တန်းတွေ့တာပဲ။ http://www.galwaysidle.com/ တဲ့။ ….

gAlwaysIdle ကို Install မလုပ်ရသေးခင်

အဲဒီ web site ကနေ 119 kb ပဲရှိတဲ့ ဆောဖ်ဝဲလေး တစ်ခုကို Download ဆွဲချရတယ်၊ ပြီးရင် Install လုပ်၊ လွယ်မှ လွယ်။ Install လုပ်ပြီးတာနဲ့ Task bar ပေါ်က GTalk Icon ကို ညာဘက်ကလစ် နှိပ်လိုက်ရင် Always Idle, Normal Idle, Never Idle ဆိုပြီး ပေါ်လာပါပြီ။ Always Idle ကို ရွေးလိုက်ရင် ကိုယ်ရဲ့ GTalk Account ဟာ အမြဲတမ်း Idle ဖြစ်ကရော။ သူများတွေကတော့ အဟုတ်မှတ်နေမှာပေါ့။ ကွန်ပျူတာရှေ့မှာ မရှိဘူးလို့။ ကဲ တခြားသူတွေကို အရူးလုပ်ဖို့နဲ့ ကိုယ်တိုင် အရူးလုပ်မခံရဖို့ အိုင်တီမောင်မောင်ကတော့ ကိုယ့် ပရိသတ်အတွက် ဖွင့်ချလိုက်ပြီနော်၊ သုံးတာမသုံးတာကတော့ သဘောတော် အတိုင်းပိုင်းပေါ့။

gAlwaysIdle ကို Install လုပ်ပြီးချိန်

gAlwaysIdle ရဲ့ Always Idle ကို ဖွင့်ထားရင် GTalk ရဲ့ မူလပါတဲ့ Check Mail Now Function ကို သုံးလို့ မရတော့ဘူး။ Normal Idle ကို ပြန်ပြောင်းလိုက်မှ သုံးလို့ရလိမ့်မယ်။ နောက်ပြီး Kaspersky လို Antivirus Software တွေကို Install လုပ်ထားခဲ့ရင် gAlwaysIdle Install လုပ်ပြီးစမှာ သူက Window ရဲ့ Registery ကို သွားပြင်တာမို့ Antivirus Software က ခွင့်ပြုချက် တောင်းပါလိမ့်မယ်။ ခွင့်ပြုလိုက်ပေါ့။ ဒါပါပဲ။ gAlwaysIdle ဟာ စမ်းသပ်ဆဲပါတဲ့။ နောက်ထပ်ထွက်မယ့် Version တွေမှာ ဘာတွေများ ထပ်တိုးလာမယ်တော့ မသိပါဘူး။ အခု Version ကို Window XP နဲ့  Vista OS version တွေမှာ အလွယ်တကူ Install လုပ်လို့ ရပါတယ်တဲ့။ ကဲ… ဒီလောက်ဆိုရင် ဒီတစ်ပါတ်တော့ ပျော်စရာလေးနဲ့ သူများကို စ’ ရအောင်လို့ ပြောရင်း …..။

ဒီနေရာကနေ Download လုပ်ပါ။ http://galwaysidle.com/gAlwaysIdleSetup.exe

<October 2017>
SuMoTuWeThFrSa
24252627282930
1234567
891011121314
15161718192021
22232425262728
2930311234
IT Stories
အိုင်တီလောကမှာ ဒါမျိုးလေးတွေ ရှောင်ပေးပါ
GTalk Bomber နဲ့ grouping message တွေ ပို့ရအောင်
GTalk ဖွင့်ထားပြီး Idle ဖြစ်နေတယ်လို့ ညာရအောင် (gAlwaysIdle)
သိပ်လွယ်လွန်းတဲ့ Print Screen Tool လေး (ScreenHunter)
Adobe ကလည်း Share BETA တဲ့၊ Free 1 GB တဲ့
ဆင်လောက်ရှိတဲ့ Hardisc ကြီး
အောင်လံထူ စစ်သူကြီးနဲ့ ကွန်ပျူတာ၊ သင်္ချာ Algorithm
နိုင်ငံခြားကို အခမဲ့ ဖုန်းခေါ်မလား (PFINGO)
What is Microsoft SilverLight?
What is RSS?
News
အင်တာနက်ဂျာနယ် ကဲ့သို့ 7 Day ဂျာနယ်မကြာမီ အွန်လိုင်းဖတ်နိုင်တော့မည်
ရတနာပုံဈေး (အိုင်စီတီပတ်ခ်) တစ်နေကုန် မီးလောင်
ဒီမိုကရေစီ ပြည်သူ့ အုပ်ချုပ်ရေး စနစ်အတွက် ၂၀၁၀ တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်
စင်္ကာပူ အစိုးရ S Pass Quota များ တိုးမြှင့်မည်
ရတနာပုံတယ်လီပို့ဖွင့်ပွဲ အထိမ်းအမှတ် ပရိုဂရမ်မင်းပြိုင်ပွဲ၊ ဂိမ်းပြိုင်ပွဲ ဆုကြေးငွေ သိန်း ၅၀ ကျော် ပေးမည်
၂၄ မိုင်က ရတနာပုံဆိုက်ဘာ မြို့တော်ကြီး ဒီဇင်ဘာဖွင့်မည်
ဘုတလင်ထွန်းလင်း၏ ၇ ရက်သားသမီးတို့ အတွက် တစ်ပတ်စာ ဟောစာတမ်း
MICT Park ပေါ်က ပါဆယ်ဗုံး
ကုန်ပစ္စည်းသစ်သုံးမျိုး ဆိုက်ရောက် လိုင်စင်ဖြင့် တင်သွင်းခွင့်ပြုမည်
တက္ကသိုလ်များ တစ်နေ့ ၄ ကြိမ် စာတမ်းဖတ်ရမည်
အင်တာနက်ကဖေးကို မှားယွင်းဘာသာပြန်
အစိုးရ ဓါတ်ဆီ၊ ဒီဇယ် ထုတ်ဈေးနှုန်းများ တိုးမြှင့်
Myanmar eLibrary အား Blogger တစ်ဦးဝေဖန်
မန္တလေးတက္ကသိုလ် သတ္တဗေဒ ဆရာကန်တော့ပွဲ
Blog
နန်းကြီး မုန့်တီ ကြီးကြီးလုပ်နေသမျှတော့ …..
၃၅ နှစ် အမှတ်တရ အတွေး (သို့) ကျွန်တော်သူနဲ့ မပြိုင်ပါ။
စင်္ကာပူကို လာမယ်ဆိုရင် အပိုင်း(၂)
စင်္ကာပူကို လာမယ်ဆိုရင် အပိုင်း(၁)
ကျွန်တော် စင်္ကာပူမှာ နေ နေသည်
Joke!!! (Before and After)
ရတနာပုံ ဆိုက်ဘာစီးတီးကြီးကို ရောက်ခဲ့တယ်
ရက်ရာဇာ၊ ပြဿဒါး သိလို့လျင်
MCPA မှာ လုပ်တဲ့ SIG လေးတွေကောင်းကြောင်း
မြန်မာ့ ပထမဆုံး eOpenning Speech
BlogDay လုပ်ကြမလို့တဲ့
XML ဟောပြောပွဲ