Welcome...
 
 
Log In
Forgot Password
New User Register
Get RSS 2.0
  My News
 
 
Online Users
မြန်မာပြက္ခဒိန်
(GMT+06:30) Yangon - 17/10/2017
Learning ASP.NET Here!
IT Stories
သိပ်လွယ်လွန်းတဲ့ Print Screen Tool လေး (ScreenHunter) 31/1/2008 12:39:32 AM

ScreenHunter ဆိုတဲ့ အခမဲ့ ရတဲ့ software လေးဟာ အိုင်တီမောင်မောင် အတွက်တော့ Print Screen လုပ်ဖို့ အလွယ်ဆုံး Tool လေးတစ်ခု ဒါမှမဟုတ် အသုံးဝင်တဲ့ ပစ္စည်းလေးပေါ့။ သြ.. Print Screen ဆိုတာ သတိမပြုမိတဲ့သူတွေအတွက် နည်းနည်း ရှင်းပြပါရစေ။ သတိထားကြည့်ရင် Keyboard ပေါ်မှာပါတဲ့ PrtSc ဆိုတဲ့ Key လေးကို တွေ့ပါလိမ့်မယ်၊ အဲဒါလေးဟာ Print Screen လုပ်တဲ့ ခလုပ်လေးပါ။ Print Screen လုပ်တယ်ဆိုတာ ကိုယ်ရဲ့ ကွန်ပျူတာပေါ်မှာ မြင်နေရတဲ့ Screen ကို Capture လုပ်လိုက်တဲ့ သဘော၊ တနည်းအားဖြင့် Copy ကူးလိုက်တဲ့သဘောပေါ့။ ကိုယ်ကြိုက်တဲ့ Microsoft Word, Paint, PhotoShop စတဲ့ application တွေထဲမှာ ပြန်ပြီး Paste (Ctrl+V) ချလိုက်တာနဲ့ အခုန ကူးလိုက်တဲ့ Screen ပုံက ပေါ်လာတယ်။ သိပ်ကိုလွယ်ပါတယ်၊ ဒါပေမယ့် သူက Screen ကြီးတစ်ခုလုံးကို ကူးတာမို့ ကိုယ် မလိုချင်တာလဲ ပါ၊ လိုချင်တာလဲ ပါပေါ့။ အခုပြောမယ့် ScreenHunter ဆိုတဲ့ အခမဲ့ရတဲ့ Software လေးကတော့ ကိုယ်လိုချင်တာလေးပဲ ကွက်ပြီး ကူးနိုင်တာမို့ သိပ်ကို လွယ်သလို အသုံးလည်းဝင်၊ အခမဲ့လည်း ရတာမို့ သုံးစွဲနည်းနဲ့တကွ လက်တို့လိုက်ပါတယ်။

ScreenHunter 5 Free Version software ကို http://wisdom-soft.com/products/screenhunter_free.htm ဆိုတဲ့ အင်တာနက် လိပ်စာကနေ အခမဲ့ ဆွဲချနိုင်ပါတယ်။ ဖိုင်ပမာဏကလည်း 3.32 MB ပဲရှိသလို Install လုပ်ရတာလဲ ဘာမှ အခက်အခဲ မရှိပါဘူး။ ဆွဲချလို့ရတဲ့ Install exe ဖိုင်ကို Double Click လုပ်ပြီး Next ခလုတ်လေးတွေကို လေးကြိမ်လောက်နှိပ်လိုက်တာနဲ့ ကိုယ့်ကွန်ပျူတာထဲကို Install လုပ်ပြီး အသင့်သုံးနိုင်တဲ့ အနေအထားကို ရောက်ပါပြီ။ သုံးကြိမ်မြောက် မနှိတ်ခင် တွေ့ရတဲ့ Include the Wisdom-soft Toolbar (recommended). (You can remove later at any time.) ဆိုတဲ့ Check Box ကလေးကိုတော့ အမှန်ခြစ်လေး ဖြုတ်ပစ်ခဲ့တာ ကောင်းပါတယ်။

Install လုပ်ပြီး စမ်းသုံးကြည့်ဖို့ ဖွင့်လိုက်တာနဲ့ အလွန်လွယ်ကူရိုးရှင်းတဲ့ Software Design ကို မြင်ရမှာပါ။ Capture Now ဆိုတဲ့ ခလုပ် ဒါမှမဟုတ် Short Cut အနေနဲ့ ကီးဘုတ်ပေါ်က F6 ခလုပ်ကို နှိပ်လိုက်တာနဲ့ စပြီး Screen Capture လုပ်ပါပြီ။ ဒီနေရာမှာလည်း Rectangular Area ဆိုတဲ့ Option ကို ရွေးခဲ့ရင် (ပုံမှန်အားဖြင့် ပုံသေရွေးထားပြီးသားပါ) Screen ပေါ်မှာ လေးထောင့် Cursor လေး ပေါ်လာပြီး ကိုယ်လိုချင်တဲ့ နေရာကို ကွက်ယူပြီး Capture လုပ်လိုက်ယုံပါပဲ။ ပုံသေအားဖြင့် သူက File အဖြစ်လည်း Desktop ပေါ်မှာ Save ပေးသလို Clipboard ပေါ်မှာလည်း သိမ်းပေးလိုက်တာမို့ ကြိုက်တဲ့ Application ကိုဖွင့်ပြီး Paste လုပ်ချင်ရင်လည်း အလွယ်တကူပါပဲ။

ကျွမ်းကျင်တဲ့သူတွေ အနေနဲ့ To ဆိုတဲ့ ခလုပ်ကို နှိပ်ပြီး ဘယ်နေရာမှာ File အဖြစ် Save မယ်၊ ဘာဖိုင်အမျိုးအစားနဲ့ Save မယ်ဆိုတာတွေကို စိတ်ကြိုက်ရွေးချယ်လို့ရပါတယ်။

ScreenHunter ဟာ Print Screen လုပ်တဲ့အချိန်မှာ Mouse ကိုပါ ထည့်မယ်၊ မထည့်ဘူး၊ Active ဖြစ်နေတဲ့ Application Window ကိုပဲ Print Screen လုပ်မယ်၊ ဒါမှမဟုတ် Screen ကြီးတစ်ခုလုံးကိုပဲ Print လုပ်ချင်တယ် စသဖြင့် ကိုယ်ကြိုက်တဲ့ ပုံစံကို ကိုယ်ကြိုက်သလို ရွေးချယ်နိုင်ပါတယ်။

Print Screen က ဘယ်နေရာတွေမှာ အသုံးတည့်လည်းဆိုတော့ ကိုယ် ကွန်ပျူတာမှာ ဘယ်လိုကြုံတွေလိုက်ရတယ် ဆိုတာကို မှတ်တမ်းတင်ထားချင်ရင်ပဲဖြစ်ဖြစ်၊ တစ်ဖက်သားကို ဓါတ်ပုံပို့ပြီး လှမ်းအသိပေးချင်တဲ့အခါမှာပဲဖြစ်ဖြစ် သုံးကြပါတယ်။ ကျွန်တော်တို့ Software Developer လောကမှာတော့ Error Page တွေ record လုပ်တဲ့အခါကအစ အများကြီးကြီး အသုံးတည့်တာပေါ့ ခင်ဗျာ။ ဒါကြောင့်မို့ အိုင်တီ စိတ်ဝင်စားတဲ့ သူတွေအနေနဲ့ စိတ်ဝင်စားစရာ Tool လေး တစ်ခုပါလို့ ပြောရင်း…။ (အိုင်တီမောင်မောင်)

<October 2017>
SuMoTuWeThFrSa
24252627282930
1234567
891011121314
15161718192021
22232425262728
2930311234
IT Stories
အိုင်တီလောကမှာ ဒါမျိုးလေးတွေ ရှောင်ပေးပါ
GTalk Bomber နဲ့ grouping message တွေ ပို့ရအောင်
GTalk ဖွင့်ထားပြီး Idle ဖြစ်နေတယ်လို့ ညာရအောင် (gAlwaysIdle)
သိပ်လွယ်လွန်းတဲ့ Print Screen Tool လေး (ScreenHunter)
Adobe ကလည်း Share BETA တဲ့၊ Free 1 GB တဲ့
ဆင်လောက်ရှိတဲ့ Hardisc ကြီး
အောင်လံထူ စစ်သူကြီးနဲ့ ကွန်ပျူတာ၊ သင်္ချာ Algorithm
နိုင်ငံခြားကို အခမဲ့ ဖုန်းခေါ်မလား (PFINGO)
What is Microsoft SilverLight?
What is RSS?
News
အင်တာနက်ဂျာနယ် ကဲ့သို့ 7 Day ဂျာနယ်မကြာမီ အွန်လိုင်းဖတ်နိုင်တော့မည်
ရတနာပုံဈေး (အိုင်စီတီပတ်ခ်) တစ်နေကုန် မီးလောင်
ဒီမိုကရေစီ ပြည်သူ့ အုပ်ချုပ်ရေး စနစ်အတွက် ၂၀၁၀ တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်
စင်္ကာပူ အစိုးရ S Pass Quota များ တိုးမြှင့်မည်
ရတနာပုံတယ်လီပို့ဖွင့်ပွဲ အထိမ်းအမှတ် ပရိုဂရမ်မင်းပြိုင်ပွဲ၊ ဂိမ်းပြိုင်ပွဲ ဆုကြေးငွေ သိန်း ၅၀ ကျော် ပေးမည်
၂၄ မိုင်က ရတနာပုံဆိုက်ဘာ မြို့တော်ကြီး ဒီဇင်ဘာဖွင့်မည်
ဘုတလင်ထွန်းလင်း၏ ၇ ရက်သားသမီးတို့ အတွက် တစ်ပတ်စာ ဟောစာတမ်း
MICT Park ပေါ်က ပါဆယ်ဗုံး
ကုန်ပစ္စည်းသစ်သုံးမျိုး ဆိုက်ရောက် လိုင်စင်ဖြင့် တင်သွင်းခွင့်ပြုမည်
တက္ကသိုလ်များ တစ်နေ့ ၄ ကြိမ် စာတမ်းဖတ်ရမည်
အင်တာနက်ကဖေးကို မှားယွင်းဘာသာပြန်
အစိုးရ ဓါတ်ဆီ၊ ဒီဇယ် ထုတ်ဈေးနှုန်းများ တိုးမြှင့်
Myanmar eLibrary အား Blogger တစ်ဦးဝေဖန်
မန္တလေးတက္ကသိုလ် သတ္တဗေဒ ဆရာကန်တော့ပွဲ
Blog
နန်းကြီး မုန့်တီ ကြီးကြီးလုပ်နေသမျှတော့ …..
၃၅ နှစ် အမှတ်တရ အတွေး (သို့) ကျွန်တော်သူနဲ့ မပြိုင်ပါ။
စင်္ကာပူကို လာမယ်ဆိုရင် အပိုင်း(၂)
စင်္ကာပူကို လာမယ်ဆိုရင် အပိုင်း(၁)
ကျွန်တော် စင်္ကာပူမှာ နေ နေသည်
Joke!!! (Before and After)
ရတနာပုံ ဆိုက်ဘာစီးတီးကြီးကို ရောက်ခဲ့တယ်
ရက်ရာဇာ၊ ပြဿဒါး သိလို့လျင်
MCPA မှာ လုပ်တဲ့ SIG လေးတွေကောင်းကြောင်း
မြန်မာ့ ပထမဆုံး eOpenning Speech
BlogDay လုပ်ကြမလို့တဲ့
XML ဟောပြောပွဲ