|
IT Stories
|
|
ဆင်လောက်ရှိတဲ့ Hardisc ကြီး
|
21/11/2007 12:45:03 PM
|
|
ဘယ်ကမ္ဘာရောက်ရောက်၊ အဲလေ ဘယ်နိုင်ငံ/ဘယ်နေရာရောက်ရောက် ကိုယ့်ရဲ့ အချက်အလက်တွေကို တပါတည်း ယူဆောင်သွားချင်တဲ့သူတွေအတွက် ဆင်လောက်ရှိတဲ့ Hardic ကြီးတွေနဲ့ Online Storage System တစ်ခုကို မိတ်ဆက်ပေးပါရစေ။
အဲဒါကတော့ အခမဲ့ရော၊ အခနဲ့ပါ သုံးလို့ရတဲ့ ElephantHardisc ရဲ့ ၀န်ဆောင်မှုတွေပါပဲ။ Online ပေါ်မှာ အခမဲ့ File Sharing လုပ်ဖို့ အချက်အလက်တွေ သိမ်းဆည်းဖို့ ၀န်ဆောင်မှုတွေ တခြားဝန်ဆောင်မှုတွေလည်း အများကြီး ရှိပါတယ်။ အဲဒီအထဲမှာ ElephantHardisc ကလည်း သုံးလို့ လွယ်ကူတဲ့ ၀န်ဆောင်မှုတစ်ခုပေါ့။
ပိုပြီးထူးခြားတာက ElephantDesktop ဆိုတဲ့ ဆော့ဖ်ဝဲလေးကို download လုပ်ပြီး ကိုယ့် ကွန်ပျူတာမှာတင် Install လုပ်ထားရင် သုံးရစွဲရတာ ပိုပြီးလွယ်တာကို တွေ့ရပါတယ်။ သူ့ရဲ့ တည်ဆောက်ထားပုံက Window မှာ သုံးနေကြ My Computer ပုံစံနဲ့ တွဲထားတာမို့ ကိုယ်က Upload လုပ်ချင်တဲ့ ဖိုင်တွေကို အလွယ်တကူ Select လုပ်ပြီး Upload လုပ်လိုက်ရုံပဲ။ အခမဲ့ သုံးတဲ့သူတွေအနေနဲ့ 1 GB အထိ သုံးနိုင်ပြီး Silver User, Gold User, Platinum User အဖြစ် ပိုက်ဆံနဲ့ ၀ယ်ပြီး register လုပ်ထားရင်တော့ 1 TB (Tetra Byte) ကနေ Unlimited အထိ သုံးလို့ရတယ်လို့ သူ့ website မှာ ဖော်ပြထားတယ်။
Software နဲ့ install လုပ်ပြီး သုံးလို့ရသလို Online Webbase application နဲ့လည်း သုံးလို့ရပါတယ်။ သူရဲ့ ၀ဘ်ဆိုက်မှာ register လုပ်ထားဖို့တော့ လိုမှာပေါ့။ ကျွန်တော် မြန်မာပြည်ကနေ upload လုပ်ကြည့်တော့ 10 MB ထက်ကြီးတဲ့ ဖိုင်တွေဆို ပြုတ်ပြုတ် ကျတယ်။ ပြန်ပြီး Resume လုပ်လို့ရတယ်။ ဒါပေမယ့် အပြင်က လူတွေအတွက်တော့ တော်တော် အဆင်ပြေတယ်လို့ ပြောကြတယ်။ ဘာပဲဖြစ်ဖြစ် စမ်းကြည့်ချင်ကြတယ် ဆိုရင်တော့ အောက်က သူတို့ရဲ့ ကြော်ငြာပုံကိုသာ Click လုပ်ပြီး စမ်းကြည့်ကြပါလို့ ပြောရင်း။
|
|