မဟာဘုတ်ဇယားက
|
|
အဓိပတိ
|
|
|
အထွန်း
|
သိုက်
|
ရာဇ
|
|
မရဏ
|
ဘင်္ဂ
|
ပုတိ
|
ဇယားကွက်မှာ အောက်ဆုံးတန်း အလယ်ကွက် ဘင်္ဂ ကနေစပြီး ဘယ်ဘက် မရဏ ပြီးရင် အထွန်း၊ နောက် သိုက်၊ ရာဇ၊ ပုတိ နဲ့ အဓိပတိက နောက်ဆုံးနဲ့ အပေါ်ဆုံးမှာပါ။
အဲဒီတော့ မြန်မာကောဇာသက္ကရာဇ် ၁၃၃၆ ခုနှစ်မှာ မွေးတဲ့ အင်္ဂါသား ဆိုကြပါစို့။
၁၃၃၆ ကို ၇ နဲ့ စားရင် အကြွင်းက ၆ ရပါတယ်။
၆ ရတဲ့အတွက် “အောင်လံထူစစ်သူကြီးပွဲ” လင်္ကာအရ (၆)သောကြာဖြစ်တဲ့ “သူ” ကနေစတင်ပြီး “သူကြီးပွဲအောင်လံထူစစ်” ဆိုပြီး မဟာဘုတ်ဇယားမှာ အစဉ်အတိုင်း ရေးသွင်းရပါမယ်။
ဒါကြောင့်မို့
|
|
စစ်
|
|
|
ပွဲ
|
အောင်
|
လံ
|
|
ကြီး
|
သူ
|
ထူ
|
ဆိုတဲ့ မဟာဘုတ်ဇယားကို ရပါပြီ အဲဒီအခါကြမှ အင်္ဂါသားဖြစ်တဲ့အတွက် အင်္ဂါနံ စစ်ဟာ မဟာဘုတ်ရဲ့ ဘယ်နေရာမှာ ရောက်နေလဲ ကြည့်ရပါတယ်။ ဟိုအပေါ်ဆုံးက အဓိပတိ အကွက်မှာ ရောက်နေတာမို့ မြန်မာသက္ကရာဇ် ၁၃၃၆ ခုနှစ်ဖွား အင်္ဂါသားဟာ အဓိပတိဖွားလို့ ပြောလို့ရပါတယ်။ အဲဒီကျမှ မဟာဘုတ် အဟောနဲ့တွဲပြီး အဓိပတိဖွားများ ဟာ ဆရာကြီးလုပ်ချင်တယ်၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ပေါ့ အဟော ထုတ်ပါတယ်။
အဲဒီတော့ ဒီနေရာမှာ စဉ်းစားသင့်တာက ၆ ကြွင်းတဲ့ အင်္ဂါသားက အဓိပတိဆိုရင်၊ ၆ ကြွင်းတဲ့ တနင်္ဂနွေသားဆိုရင် “အောင်” ရောက်နေတဲ့ သိုက်အကွက်ဖြစ်တဲ့အတွက် သိုက်ဖွား၊ ၆ ကြွင်း တနင်္လာသားက မရဏဖွား၊ ၆ ကြွင်း ကြာသာပတေးသားက အထွန်းဖွား၊ ၆ ကြွင်း ဗုဒ္ဓဟူးသားက ရာဇဖွား၊ ၆ ကြွင်း စနေသားက ပုတိဖွားဆိုတဲ့ အဖြေတွေ ထပ်ရပါတယ်။
ဒါဆိုရင် တခြား ၁၊ ၂၊ ၃၊ ၄၊ ၅ ကြွင်းတဲ့သူတွေနဲ့ အကြွင်းသုည စားလို့ ပြတ်တဲ့သူတွေအတွက်ရောဆိုပြီး တွက်ကြည့်လိုက်တော့
|
|
ပွဲ
|
|
|
|
သူ
|
|
|
ထူ
|
စစ်
|
သူ
|
|
အောင်
|
လံ
|
ထူ
|
|
လံ
|
အောင်
|
ကြီး
|
|
ပွဲ
|
ကြီး
|
စစ်
|
|
(၁) - ကြွင်း
|
|
(၂) - ကြွင်း
|
|
တနင်္ဂနွေသား
|
ဝ-ဘင်္ဂ
|
|
တနင်္ဂနွေသား
|
၂-အထွန်း
|
|
တနင်္လာ
|
၅-ပုတိ
|
|
တနင်္လာ
|
ဝ-ဘင်္ဂ
|
|
အင်္ဂါ
|
၃-သိုက်
|
|
အင်္ဂါ
|
၅-ပုတိ
|
|
ဗုဒ္ဓဟူး
|
၁-မရဏ
|
|
ဗုဒ္ဓဟူး
|
၃-သိုက်
|
|
ကြာသာပတေး
|
၆-အဓိပတိ
|
|
ကြာသာပတေး
|
၁-မရဏ
|
|
သောကြာ
|
၎-ရာဇ
|
|
သောကြာ
|
၆-အဓိပတိ
|
|
စနေ
|
၂-အထွန်း
|
|
စနေ
|
၎-ရာဇ
|
|
|
|
|
|
|
|
|
|
|
|
ထူ
|
|
|
|
အောင်
|
|
|
ကြီး
|
ပွဲ
|
အောင်
|
|
စစ်
|
သူ
|
ကြီး
|
|
သူ
|
စစ်
|
လံ
|
|
ထူ
|
လံ
|
ပွဲ
|
|
(၃) - ကြွင်း
|
|
|
(၄) - ကြွင်း
|
|
|
တနင်္ဂနွေသား
|
၎-ရာဇ
|
|
တနင်္ဂနွေသား
|
၆-အဓိပတိ
|
|
တနင်္လာ
|
၂-အထွန်း
|
|
တနင်္လာ
|
၎-ရာဇ
|
|
အင်္ဂါ
|
ဝ-ဘင်္ဂ
|
|
အင်္ဂါ
|
၂-အထွန်း
|
|
ဗုဒ္ဓဟူး
|
၅-ပုတိ
|
|
ဗုဒ္ဓဟူး
|
ဝ-ဘင်္ဂ
|
|
ကြာသာပတေး
|
၃-သိုက်
|
|
ကြာသာပတေး
|
၅-ပုတိ
|
|
သောကြာ
|
၁-မရဏ
|
|
သောကြာ
|
၃-သိုက်
|
|
စနေ
|
၆-အဓိပတိ
|
|
စနေ
|
၁-မရဏ
|
|
|
|
|
|
|
|
|
|
|
|
ကြီး
|
|
|
|
စစ်
|
|
|
လံ
|
ထူ
|
စစ်
|
|
ပွဲ
|
အောင်
|
လံ
|
|
အောင်
|
ပွဲ
|
သူ
|
|
ကြီး
|
သူ
|
ထူ
|
|
(၅) - ကြွင်း
|
|
|
(၆) - ကြွင်း
|
|
|
တနင်္ဂနွေသား
|
၁-မရဏ
|
|
တနင်္ဂနွေသား
|
၃-သိုက်
|
|
တနင်္လာ
|
၆-အဓိပတိ
|
|
တနင်္လာ
|
၁-မရဏ
|
|
အင်္ဂါ
|
၎-ရာဇ
|
|
အင်္ဂါ
|
၆-အဓိပတိ
|
|
ဗုဒ္ဓဟူး
|
၂-အထွန်း
|
|
ဗုဒ္ဓဟူး
|
၎-ရာဇ
|
|
ကြာသာပတေး
|
ဝ-ဘင်္ဂ
|
|
ကြာသာပတေး
|
၂-အထွန်း
|
|
သောကြာ
|
၅-ပုတိ
|
|
သောကြာ
|
ဝ-ဘင်္ဂ
|
|
စနေ
|
၃-သိုက်
|
|
စနေ
|
၅-ပုတိ
|
|
|
|
|
|
|
|
|
|
|
|
လံ
|
|
|
|
သူ
|
ကြီး
|
ပွဲ
|
|
|
စစ်
|
ထူ
|
အောင်
|
|
|
(၀) - ကြွင်း
|
|
|
တနင်္ဂနွေသား
|
၅-ပုတိ
|
|
|
တနင်္လာ
|
၃-သိုက်
|
|
|
အင်္ဂါ
|
၁-မရဏ
|
|
|
ဗုဒ္ဓဟူး
|
၆-အဓိပတိ
|
|
|
ကြာသာပတေး
|
၎-ရာဇ
|
|
|
သောကြာ
|
၂-အထွန်း
|
|
|
စနေ
|
ဝ-ဘင်္ဂ
|
|
|
|
|
|
|
|
အဲဒီ အတိုင်း အကြွင်းနဲ့ နေ့နံအလိုက် အဖြေထုတ်ကြည့်လိုက်တော့ ပုံသေ ဇယားတွေ ထွက်လာပါတယ်။ အဲဒီဇယားတွေမှာ ဖြစ်နေတဲ့ ကိန်းစဉ်တွေဟာ ပုံသေတွေဆိုတာ မြင်သာလာပါတယ်။ ပိုပြီး သိသာ မြင်သာအောင် ၂ ဖက်မြင် ဇယားထဲကို ထည့်ကြည့်ရအောင်…
|
|
0
|
1
|
2
|
3
|
4
|
5
|
6
|
|
0
|
0
|
5
|
3
|
1
|
6
|
4
|
2
|
|
1
|
2
|
0
|
5
|
3
|
1
|
6
|
4
|
|
2
|
4
|
2
|
0
|
5
|
3
|
1
|
6
|
|
3
|
6
|
4
|
2
|
0
|
5
|
3
|
1
|
|
4
|
1
|
6
|
4
|
2
|
0
|
5
|
3
|
|
5
|
3
|
1
|
6
|
4
|
2
|
0
|
5
|
|
6
|
5
|
3
|
1
|
6
|
4
|
2
|
0
|
ဒီဇယားအရဆိုရင် တော်တော် ရှင်းလောက်ပါပြီ၊ X ၀င်ရိုးအတိုင်း မွေးနေ့တွေထားပြီး Y ၀င်ရိုး အတိုင်း အကြွင်း ကိန်း ဂဏန်းတွေ ထားပြီး ရလဒ်တွေကို ထည့်သွင်းလိုက်တာ ပုံသေ ဇယားတစ်ခု ရသွားပါတယ်။ ဒီဇယားနဲ့ ဘယ်နေ့သား ဘာကိန်းကြွင်းရင် ဘာအဖွားဖြစ်တယ်ဆိုတာ တန်းပြောလို့ရသွားပါတယ်။ အဲဒီအခါကျမှ ဒီကိန်းစဉ်တန်းကို ပြေလည်စေတဲ့ Equation တစ်ခုကို ဖော်ရပါတယ်။ ဒါနေရာမှာ သင်္ချာသမားတွေရဲ့ ကဏ္ဍက အရေးပါလာပါတယ်။ ကြုံတုန်းပြောရရင် အိုင်တီမောင်မောင်က ကွန်ပျူတာနဲ့ ကျောင်းပြီးထားတာမဟုတ်ပါဘူး သင်္ချာနဲ့ ဘွဲ့ရတာပါ။ ၁၉၉၅ ခုနှစ် မန္တလေး တက္ကသိုလ်ကနေပါ။
ကိန်းစဉ်တန်းတွေကို ပြေလည်တဲ့ Equation ဆိုတာက ဥပမာ၊ ၁ ၃ ၅ ၇ ၉ . . . . လို့ ပြောလိုက်ရင် အားလုံးသိနေကြပါပြီ ၉ ပြီးရင် ၁၁ လာတော့မယ်၊ ပြီးရင် ၁၃ လာတော့မယ် ဆိုတာကိုပေါ့။ ဒါက သိသာတဲ့ ကိန်းစဉ်တန်းကနေ …,N, N+2 ကို စဉ်းစားမိကြလို့ပါ။ ဒီကိန်းစဉ်တန်းကနေ ၁ ခုမြောက်မှာ ၁၊ ၂ ခုမြောက်မှာ ၃၊ ၃ ခုမြောက်မှာ ၅၊ ၄ ခုမြောက်မှာ ၇၊ ၅ ခုမြောက်မှာ ၉ လို့ စဉ်းစားမိရင်တော့ အကြိမ် ၁၀၀၀ ခုမြောက်မှာ ဘာဖြစ်ရမယ်ဆိုတဲ့ Equation ထုတ်လိုက်နိုင်ပါပြီ။
အဲဒါကတော့
Result = X + (X-1) ပါပဲ။ တစ်နည်းအားဖြင့် Result = 2X – 1 ပါပဲ။
အဲဒီနေရာမှာ X ဟာ အကြိမ်အရေအတွက်ပါ။ ဒါကြောင့် ဒီ Equation အရ အကြိမ် ၁၀၀၀ မြောက် ကိန်း ဂဏန်းဟာ ၁၉၉၉ ဖြစ်နေပါလိမ့်မယ်။
ဒီလိုနည်းနဲ့ မဟာဘုတ်ဇယားကိုပြေလည်စေတဲ့ Equation ထုတ်ကြည့်တော့
Result = [{(7-X) + Y}* 2 ] Mod 7 ဆိုတာ ထွက်လာပါတယ်။
ဒီနေရာမှာ X ဆိုတာ မွေးနံပါ၊ တနင်္ဂနွေဆို ၁၊ တနင်္လာဆို ၂ ပေါ့။ Y ကတော့ ကြွင်းကိန်းပါ၊ ဒါကြောင့် ၇ ထဲကနေ မွေးနံကို နှုတ်၊ ကိန်းကြွင်းနဲ့ပေါင်း၊ ၂ နဲ့မြှောက်ပြီး ၇ နဲ့ စားလို့ရတဲ့ ကိန်းကြွင်းဟာ ရလဒ် အဖွားတွေပဲပေါ့။ ကိန်းကြွင်းဆိုတာ မြန်မာမွေးနေ့ခုနှစ်ကို ၇ နဲ့စားလို့ ရတဲ့အကြွင်းကိုပြောတာပါ။ မွေးတဲ့ခုနှစ်ကို မြန်မာလို မသိတဲ့သူတွေက April 18 မတိုင်ခင်မွေးတဲ့သူဆိုရင် ခရစ်နှစ်ထဲကနေ ၆၃၉ နှုတ်ရမှာပါ။ April 18 နောက်ပိုင်းမွေးတဲ့သူတွေကတော့ အင်္ဂလိပ်ခုနှစ်ထဲကနေ ၆၃၈ နှုတ်ရမှာပါ။
ဒါဆိုရင် ပရိုဂရမ်ရေးရတာ အရမ်းလွယ်သွားပြီပေါ့၊ မဟာဘုတ်တွက်တဲ့ Function မှာ Parameter တွေအဖြစ် X နဲ့ Y ဖြစ်တဲ့ မွေးနေ့နဲ့ ကိန်းကြွင်းကို ပေးပြီး ရေးရင်ရပါပြီ။ ဒါထက်ပိုပြီး သုံးစွဲသူကို အစဉ်ပြေစေချင်လို့ သူ့ရဲ့ ခရာဇ်သက္ကရာဇ် မွေးနေ့ပေးယုံနဲ့ ဖြစ်စေချင်ရင်တော့ သူရဲ့ ခရာဇ်သက္ကရာဇ်ကို မြန်မာကောဇာသက္ကရာဇ်ပြောင်း ပြီး ၇ နဲ့စား ကိန်းကြွင်းထုတ်တွက်ရင်လည်း ရပါတယ်။ ဘယ်နှစ်ရက်၊ ဘယ်နှစ်လ၊ ဘယ်နှစ်ခုနှစ်ဖွားလို့ မွေးနေ့ပြောမှတော့ စနေ၊ တနင်္ဂနွေတွေလည်း ပါသွားပါပြီ။
ကဲဒါဆိုရင် လက်တွေ့ ကိုယ်ကျွမ်းကျင်တဲ့ Programming Language တစ်ခုခုသုံးပြီး တွေးကြည့် ရေးကြည့်ကြပါလို့ ပြောရင်း…။
(Algorithm အကြောင်း တွေးဖြစ်အောင် လမ်းစဖွင့်ပေးသော ကိုဝဏ္ဏကိုအား ကျေးဇူးတင်လျက်။)