Welcome...
 
 
Log In
Forgot Password
New User Register
Get RSS 2.0
  My News
 
 
Online Users
မြန်မာပြက္ခဒိန်
(GMT+06:30) Yangon - 11/12/2017
Learning ASP.NET Here!
IT Stories
What is Microsoft SilverLight? Mon, 10/09/2007
SilverLight ဆိုတာ Microsoft ရဲ New Product တစ်ခုပါ။ အကြမ်းအားဖြင့်တော့ Microsoft က Next generation အတွက် Java Script File တွေရယ်၊ XAML လို့ခေါ်တဲ့ Extensible Application Markup Language ဖိုင်တွေရယ်နဲ့ HTML ပုံစံသစ်ကို ရေးတဲ့နည်းပေါ့။ Client Site script တွေသုံးထားတော့ Server ဘက်ကို post back မပြန်ပဲ ဒီဘက်မှာတင် မြန်မြန်ပြီးသင့်တဲ့ ဟာတွေ ပြီးနိုင်တာပေါ့။ Visual Studio Asp.NET မှာက Server Page တွေအတွက်ပဲ ကောင်းပြီး Client Site နဲ့ User Interface တွေ အတွက် အားနည်းနေတာကို Microsoft က အဖတ်ဆယ်ချင်တဲ့သဘောပေါ့။ အဓိကကတော့ Client Site Script တွေနဲ့ အွန်းလိုင်း ဂိမ်းတွေ၊ User Interface ကောင်းကောင်းတွေနဲ့ ၀ဘ် စာမျက်နှာ တွေမှာ ကြီးစိုးနေတဲ့ Adobe ရဲ့ Flash ကို ၀င်ပြိုင်ဖို့လည်း ပါတယ်၊ နောက်ပြီး Google နဲ့ အနာဂါတ်မှာ ပြိုင်ရမယ့် Browser Base Application တွေအတွက်လည်း ခြေလှမ်းစတစ်ခုလို့ ပြောလို့ရမယ် ထင်တယ်။
ကဲစိတ်ဝင်စားလို့ အသေးစိတ် လေ့လာချင်တယ်ဆိုရင် http://silverlight.net/quickstarts/silverlight10/default.aspx မှာ ၀င် ဖတ်ကြည့်လို့ရတယ်၊ ဘယ်လိုရေးရမယ်၊ ဘယ်ပုံစံကို အခြေခံထားတယ် ဆိုတာတွေကို Pure Script တွေနဲ့ အသေးစိတ် ရှင်းထား တယ်၊
>အဲဒါတွေ ဖတ်ကြည့်ပြီး ရေးရမှာတွေက အများကြီးပဲ ဘာတွေမှန်းမသိဘူးကွာဆိုပြီးတော့လည်း စိတ်မပျက်လိုက်ပါနဲ့ Microsoft က ထုံးစံအတိုင်း GUI ကောင်းကောင်းနဲ့ Blender Expression 2 IDE ကိုလည်း စမ်းသုံးဖို့ ထုတ်ပေးထားပါတယ်။
ကျွန်တော် Download လုပ်ပြီး စမ်းကြည့်တယ်၊ နံပါတ်တစ် ပြသနာကတော့ Computer Performance Demand ပဲ ၊ ကျွန်တော်စက်က Memory 512Mb, Celeron(M) 1.3 MHz,L2 Cache 1M တရုတ် laptop လေးဆိုတော့ တော်တော်လေးပါတယ်၊
တကယ်ရေးကြည့်တော့ Microsoft ရဲ့ XAML ဟာ ကျွန်တော်တို့ ဖယ်ထားလို့ မရဘူးဆိုတာ သိသာလာတယ်၊ ကျွန်တော် နမူနာပါတဲ့ Photo Gallery တစ်ခုနဲ့ Page Site တစ်ခု စမ်းရေးတယ် Hosting လည်း စမ်းလွှင့်ထားတယ် http://silverlight.itmgmg.com ဆိုပြီး။ SilverLight နဲ့ ရေးထားတဲ့ ၀ဘ်ဆိုက်တစ်ခုကိုကြည့်ဖို့ 1.4 Mb လောက်ရှိတဲ့ SilverLight Browser PlugIn တစ်ခု Install လုပ်ဖို့လိုတယ်။ ဒီနေရာမှာ Flash နဲ့ ယှဉ်ကြည့်ရင် နည်းနည်း အားနည်းနေသေးတဲ့ အချက်ပေါ့။ အားသာချက်လို့ မြင်တဲ့တစ်ခုက Photo တွေ Pictures တွေကို Browser မှာ Picture အနေနဲ့ မသိတဲ့အချက်ပါပဲ။ ဒါကြောင့် Save as Picture သုံးလို့မရတော့ ဓါတ်ပုံတွေကို အလွယ်တကူ ကူးလို့မရတော့ဘူးပေါ့။ ပြီးတော့ Script တွေနဲ့ ကိုင်သွားတော့ အရမ်း light ဖြစ်ပြီး မြန်မြန်ဆန်ဆန် ခပ်ညက်ညက်လေး ကြည့်လို့ ကောင်းနေတာပေါ့။ ၀င်ကြည့်ပြီး စမ်းကြည့်ပါဦး။ ကျွန်တော့်ရဲ့ ပထမဆုံး Myanmar Photogallery SilverLight လေးကို။
SilverLight နဲ့ ပါတ်သက်ပြီး 16/09/2007 ရက်နေ့ MCPA မှာ SIG လေး တစ်ခု လုပ်ဖို့တော့ စီစဉ်ထားပါတယ်။ စိတ်ဝင်စားတယ် ဆိုရင် အားလုံးကို ဖိတ်ခေါ်ပါတယ်။ ကျွန်တော့် Site မှာ Comment ထည့်မထားနိုင်သေးတော့ ပြောစရာရှိရင် Mail နဲ့သာ ပို့လိုက်ပါလို့ ပြောရင်း....။
<December 2017>
SuMoTuWeThFrSa
262728293012
3456789
10111213141516
17181920212223
24252627282930
31123456
IT Stories
အိုင်တီလောကမှာ ဒါမျိုးလေးတွေ ရှောင်ပေးပါ
GTalk Bomber နဲ့ grouping message တွေ ပို့ရအောင်
GTalk ဖွင့်ထားပြီး Idle ဖြစ်နေတယ်လို့ ညာရအောင် (gAlwaysIdle)
သိပ်လွယ်လွန်းတဲ့ Print Screen Tool လေး (ScreenHunter)
Adobe ကလည်း Share BETA တဲ့၊ Free 1 GB တဲ့
ဆင်လောက်ရှိတဲ့ Hardisc ကြီး
အောင်လံထူ စစ်သူကြီးနဲ့ ကွန်ပျူတာ၊ သင်္ချာ Algorithm
နိုင်ငံခြားကို အခမဲ့ ဖုန်းခေါ်မလား (PFINGO)
What is Microsoft SilverLight?
What is RSS?
News
အင်တာနက်ဂျာနယ် ကဲ့သို့ 7 Day ဂျာနယ်မကြာမီ အွန်လိုင်းဖတ်နိုင်တော့မည်
ရတနာပုံဈေး (အိုင်စီတီပတ်ခ်) တစ်နေကုန် မီးလောင်
ဒီမိုကရေစီ ပြည်သူ့ အုပ်ချုပ်ရေး စနစ်အတွက် ၂၀၁၀ တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်
စင်္ကာပူ အစိုးရ S Pass Quota များ တိုးမြှင့်မည်
ရတနာပုံတယ်လီပို့ဖွင့်ပွဲ အထိမ်းအမှတ် ပရိုဂရမ်မင်းပြိုင်ပွဲ၊ ဂိမ်းပြိုင်ပွဲ ဆုကြေးငွေ သိန်း ၅၀ ကျော် ပေးမည်
၂၄ မိုင်က ရတနာပုံဆိုက်ဘာ မြို့တော်ကြီး ဒီဇင်ဘာဖွင့်မည်
ဘုတလင်ထွန်းလင်း၏ ၇ ရက်သားသမီးတို့ အတွက် တစ်ပတ်စာ ဟောစာတမ်း
MICT Park ပေါ်က ပါဆယ်ဗုံး
ကုန်ပစ္စည်းသစ်သုံးမျိုး ဆိုက်ရောက် လိုင်စင်ဖြင့် တင်သွင်းခွင့်ပြုမည်
တက္ကသိုလ်များ တစ်နေ့ ၄ ကြိမ် စာတမ်းဖတ်ရမည်
အင်တာနက်ကဖေးကို မှားယွင်းဘာသာပြန်
အစိုးရ ဓါတ်ဆီ၊ ဒီဇယ် ထုတ်ဈေးနှုန်းများ တိုးမြှင့်
Myanmar eLibrary အား Blogger တစ်ဦးဝေဖန်
မန္တလေးတက္ကသိုလ် သတ္တဗေဒ ဆရာကန်တော့ပွဲ
Blog
နန်းကြီး မုန့်တီ ကြီးကြီးလုပ်နေသမျှတော့ …..
၃၅ နှစ် အမှတ်တရ အတွေး (သို့) ကျွန်တော်သူနဲ့ မပြိုင်ပါ။
စင်္ကာပူကို လာမယ်ဆိုရင် အပိုင်း(၂)
စင်္ကာပူကို လာမယ်ဆိုရင် အပိုင်း(၁)
ကျွန်တော် စင်္ကာပူမှာ နေ နေသည်
Joke!!! (Before and After)
ရတနာပုံ ဆိုက်ဘာစီးတီးကြီးကို ရောက်ခဲ့တယ်
ရက်ရာဇာ၊ ပြဿဒါး သိလို့လျင်
MCPA မှာ လုပ်တဲ့ SIG လေးတွေကောင်းကြောင်း
မြန်မာ့ ပထမဆုံး eOpenning Speech
BlogDay လုပ်ကြမလို့တဲ့
XML ဟောပြောပွဲ